လူတွေ ဘာကြောင့် လေချဉ်တက်ကြတာလဲ။

blank

လေချဉ်တက်တယ်ဆိုတာ လူတိုင်းဖြစ်လေ့ဖြစ်ထရှိကြသလို လူကြားသူကြားထဲမှာ အရှက်ရစေနိုင်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ အနည်းငယ်ရှက်စရာကောင်းတာ၊ မနှစ်မျို့စရာကောင်းတာကလွဲရင် ဒါဟာ ခန္ဓာကိုယ်အတွင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်ရပ်တစ်ခုပါ။

ကျွန်မတို့ စားတဲ့သောက်တဲ့အခါမှာ ကျွန်မတို့မျိုချလိုက်တဲ့ အစာတွေနဲ့ရောပြီး လေတွေပါ ဗိုက်ထဲကို ရောက်သွားပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို လေတွေရောက်တဲ့အခါမှာ လေနာ၊ လေပွပြီး မသက်မသာဖြစ်စေပါတယ်။ ဒီလို လေနာခြင်း၊ လေပွခြင်းကို သက်သာစေဖို့ မျိုချမိထားတဲ့လေတွေကို ပြန်ထုတ်ဖို့ လိုပါပြီ။ လေချဉ်တက်ခြင်းဆိုတာ အူနဲ့ အစာအိမ်မှာရှိနေတဲ့လေတွေကို ပါးစပ်ကနေတဆင့်ပြန်ထုတ်ခြင်းဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လေချဉ်တက်လို့ ထွက်လာတဲ့လေမှာ အဓိကအားဖြင့် နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် ရောနှော ပါဝင်နေပါတယ်။ တကယ်လို့ gas ပါတဲ့ အချိုရည်တွေသောက်ထားရင်တော့ လေချဉ်တက်တဲ့လေမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ပါဝင်နေမှာဖြစ်ပါတယ်။ အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ လေပူဆန်ခြင်းတွေကလည်း လေချဉ်တက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။

မှတ်သားစရာ တစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။