တစ်ပတ်မှာ တစ်ခါတော့ ပင်လယ်စာစားပါ။ ဘာလို့လဲဆိုတော့…

blank

ပင်လယ်စာ ဒါမှမဟုတ် Omega-3 fatty acid ပါတဲ့ အစားအသောက်တွေကို စားသုံးခြင်းက အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းပျောက်ဆုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လေ့လာတွေ့ရှိချက်တစ်ခုအရ တစ်ပတ်မှာ တစ်ကြိမ်တောင် ပင်လယ်စာမစားသူတွေက အသက်ကြီးလာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ပိုများတတ်တယ်လို့ သိရပါတယ်။

ဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ မာသာ ကလဲရ် မော်ရစ်စ် (Dr Martha Clare Morris) က “ဒီတွေ့ရှိမှုက အသက်အရွယ်ကြောင့် မှတ်ဉာဏ်ပျောက်ရတဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းပေးလိုက်သလိုပါပဲ” လို့ ပြောခဲ့ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ပင်လယ်စာအစားများတဲ့သူတွေက အသက်ကြီးတဲ့အခါ မှတ်ဉာဏ်ရောဂါတွေ မဖြစ်တော့ဘဲ ဦးနှောက်ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။

ပင်လယ်စာ ဒါမှမဟုတ် omega-3 fatty acid များများစားသုံးခြင်းဟာ သိမြင်နားလည်နိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။

ပင်လယ်စာကြိုက်တတ်ရင် ဂုဏ်ယူစွာနဲ့ SHARE လိုက်ပါ။