ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အမှတ်အများဆုံး အယူအဆအမှား (၄) ခု

blank
၁။ “ရင်သားမှာ အကျိတ်ရှိနေတယ်ဆိုရင် ကင်ဆာဖြစ်နေပြီ” ဆိုတာမှားပါတယ်။

ရင်သားနဲ့ ချိုင်းအောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာကျိတ်တွေဟာ စမ်းကြည့်လိုက်တဲ့အခါ နေရာမရွေ့တဲ့အပြင် မာတောင့်နေတတ်ပါတယ်။ ရိုးရိုးအကျိတ်တွေကတော့ ရွေ့နိုင်ပြီး ထိလိုက်တဲ့အခါ ပုံစံပြောင်းသွားနိုင်ပါတယ်။ ရင်သားမှာဖြစ်တဲ့  ၈ဝ% သော အကျိတ်တွေဟာ ရိုးရိုးအကျိတ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ ရင်သားမှာ အကျိတ်ရှိမရှိကို ပုံမှန်စစ်ဆေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးပါတယ်။

၂။ “ ရင်သားကင်ဆာက မျိုးရိုးလိုက်တယ်” ဆိုတာမှားပါတယ်။

လူအများစုဟာ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတယ်ဆိုရင် မိမိထဲမှာ ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အရေးများတယ်လို့ယူဆထားကြပါတယ်။ တကယ်တော့ ကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့ လူတွေရဲ့ ၇ဝ% ဟာ မျိုးရိုးရာဇဝင်လုံးဝမရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ “ အမျိုးသားတွေမှာ ရင်သားကင်ဆာမဖြစ်နိုင်ဘူး” ဆိုတာ မှားပါတယ်။

အမေရိကန်နိုင်ငံမှာ အမျိုးသား ဦးရေ ၂၅ဝဝ ဟာ ရင်သားကင်ဆာဖြစ်ပွားနေကြပါတယ်။ အမျိုးသားတွေမှာ ရောဂါလက္ခဏာပြတာနောက်ကျတာကြောင့် ကုသဖို့ခက်ခဲလာတဲ့ အဆင့်ရောက်မှ ရင်သားကင်ဆာဖြစ်ပွားနေကြောင်း သိကြပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့လည်း ရင်သားကင်ဆာ ရောဂါလက္ခဏာတွေဖြစ်တဲ့ ရင်သားအကျိတ်ဖြစ်တာ၊ အနာဖြစ်တာနဲ့ နို့သီးခေါင်းကနေ အရည်တွေထွက်တာတွေ ဖြစ်တယ်ဆိုရင် ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။

၎။ “ရင်သားကြီးတဲ့သူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများတယ်” ဆိုတာမှားပါတယ်။

ရင်သားအရွယ်အစားဟာ ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်မှုမရှိပါဘူး။ ဒါပေမဲ့ ရင်သားကြီးတဲ့သူတွေမှာ အသားတစ်ရှူးတွေရဲ့ သိပ်သည်းဆ ပိုများတာကြောင့် အကျိတ်ကို စမ်းရခက်ပါတယ်။

စာချစ်သူတို့ရေ…

ရင်သားကင်ဆာဟာ အမျိုးသမီးထုကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်အထိ တစ်ကမ္ဘာလုံးမှာ ရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတဲ့ အမျိုးသမီးပေါင်း ၁.၇ သန်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသောက်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ မိမိရဲ့ရင်သားမှာ အကျိတ်ရှိမရှိ ပုံမှန်စစ်ဆေးပြီး အကျိတ်စမ်းမိတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး စောစီးစွာကုသမှုခံယူပါ။