ပျော်ရွှင်မှုကို စွမ်းဆောင်ပေးတဲ့အစားအစာ ၅ မျိုး

blank

လူအများစုသိထားကြတာက အစားအစာဆိုတာ သက်ရှင်ကျန်းမာဖို့ စားကြတာပါ။ ဒါပေမဲ့ အခုတော့ တချို့အစားအစာတွေက ပျော်ရွှင်မှုအတွက်ပါ စွမ်းဆောင်ပေးနိုင်တယ်ဆိုတာ သုတေသန ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါပြီ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက အဲ့ဒီအစားအစာတွေကို မစားဘဲနေရင် စိတ်ဖိစီးမှုတွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်တဲ့။

ကဲ… စိတ်ဝင်စားစရာအဲ့ဒီအစားအစာလေးတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ။

ဟင်းနုနွှယ်နဲ့ ကိုက်လန်လို အရွက်မျိုးတွေမှာ ဖောလစ်အက်ဆစ်(Folic) တွေ ကြွယ်ဝစွာပါ ဝင်နေပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့ခြင်းက စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် တစ်နေ့တာအစားအသောက်ထဲမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်စားပေးသင့်ပါတယ်။

၂။ ဆယ်လ်မွန်ငါး။

ဆယ်လ်မွန်ငါးအပါအဝင် တခြားသော အဆီများတဲ့ငါးတွေမှာ စိတ်ဖိစီးမှုတွေကို လျှော့ချပေး ပြီး စိတ်ခံစားမှုကို တိုးမြှင့်စေတဲ့ Omega-3 fatty acid တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ သုတေသ နပြုသူတွေကတော့ အဆီပါဝင်တဲ့ငါးတွေကို တစ်ပတ် ၃ ကြိမ်စားပေးဖို့ ညွှန်းဆိုထားကြပါတယ်။

၃။ ရေထွက်ပစ္စည်းများ

ခရု၊ ဂဏန်း စသဖြင့် အခွံမာတဲ့ ရေထွက်ပစ္စည်းတွေက  ဗီတာမင် B-12 ရဲ့ အဓိကအရင်းအ မြစ်တွေ ဖြစ်ပါတယ်။ မောပန်းနွမ်းလျမှုတွေကို တိုက်ဖျက်ပေးသလို တက်ကြွမှုတွေကို မြှင့်တင်ပေးပါ တယ်။ B-12 ဓာတ်ချို့တဲ့ရင် စိတ်ကျရောဂါဖြစ်စေနိုင်သလို စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဟော်မုန်း ထုတ်လွှတ်မှုကို ချုပ်ကိုင်ထားရာကျတာကြောင့် စိတ်တိုစိတ်ဆိုးလွယ်လာပါတယ်။ ဒါကြောင့် စားသုံး ပေးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ငှက်ပျောသီး။

ငှက်ပျောသီးမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ် (Magnesium) က လူ့ခန္ဓာကိုယ်ကို သက်တောင့် သက်သာရှိစေပြီး စိုးရိမ်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

၅။ အရည်ရွှမ်းတဲ့သီးနှံများ။

ရှောက်သီး၊ လိမ္မော်သီးအပါအဝင် အရည်ရွှမ်းအသီးအနှံတွေဟာ ဗီတာမင် C ဓာတ်ရရှိဖို့ အ ကောင်းဆုံး အရင်းအမြစ်တွေဖြစ်ပါတယ်။ ဗီတာမင် C ဟာ ပျော်ရွှင်စေတဲ့ဓာတ်တွေကို ရရှိစေပြီး သံ ဓာတ်ရရှိဖို့လည်း အထောက်အကူပြုပါတယ်။ စိုးရိမ်ပူပန်မှုတွေကို တိုက်ထုတ်ပေးပါတယ်။ အဲ့ဒီ ဓာတ် ချို့တဲ့ရင် စိတ်တိုစိတ်ဆိုးလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။

သိမှတ်စရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။