သင့်မျက်နှာအစိတ်အပိုင်းရဲ့ထူးခြားမှုလေးတွေက ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း

blank

စာချစ်သူတို့ရေ…

တစ်ခါတရံမှာ နေရင်းထိုင်ရင်းနဲ့ မျက်နှာပြင်အစိတ်အပိုင်းတွေပေါ်မှာ အမည်းစက်လေးတွေ၊ အစက်အပြောက်လေးတွေ၊ ထူးခြားမှုလေးတွေ၊ အရောင်ပြောင်းလဲတာလေးတွေ စသဖြင့် ပေါ်လာ တာ ကြုံဖူးကြမှာပါ။ တကယ်တော့ အဲ့ဒါဟာ ရိုးရိုးသာမန်ဝက်ခြံတို့၊ ထိခိုက်မိလို့အနာတရဖြစ်တာမျိုး တို့ မဟုတ်ဘူးဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းထဲက ကျန်းမာရေးပြဿနာတစ်ခုခုကို ရည်ညွှန်းပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စာချစ်သူများအတွက် မျက်နှာအစိတ်အပိုင်းပေါ်က ပြောင်းလဲထူးခြားမှုလေး တွေကိုကြည့်ပြီး ခန္ဓာကိုယ်ရောဂါလေးတွေကို အချိန်မီဆန်းစစ်ကုသနိုင်စေဖို့ အချက်အလက်လေး တွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ နဖူး – အစာချေဖျက်မှုစနစ်ပြဿနာများ

အစာချေဖျက်မှုဆိုင်ရာပြဿနာတွေဆိုတာ များသောအားဖြင့် ရယ်ဒီမိတ်အစားအစာတွေ၊ အ ဆီတွေနဲ့ အချိုဓာတ်အလွန်အမင်းစားသုံးမှုရဲ့ နောက်ဆက်တွဲရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ အ ရက်အလွန်အကျွံသောက်သုံးခြင်းနဲ့ စိတ်ဖိအားများတာတွေကိုလည်း ဖယ်ထားလို့ မရပါဘူး။ အဲ့ဒီ ရော ဂါတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် ညဘက်ကို ကောင်းကောင်းအချိန်ပေးအိပ်စက်ပါ။ တစ်ရက်ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပေးပါ။

၂။ မျက်ခုံး – ကျောက်ကပ်ပြဿနာများ

ကျောက်ကပ်ပြဿနာဟာ အရက်၊ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ရတာပါ။ ဒါ့အပြင် ပိုဆိုးလာတဲ့အခါ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ အဲ့ဒီ ရောဂါ တွေမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရက်၊ ကော်ဖီနဲ့ သကြားဓာတ်ပါဝင်မှုနှုန်းမြင့်မားတဲ့ အ စားအသောက်တွေကို လျှော့စားပါ။ ရေများများသောက်ပါ။

၃။ မျက်ခုံးနှစ်ခုကြားနေရာ- အသည်းပြဿနာများ

အသည်းပြဿနာတွေကတော့ အသားအလွန်အကျွံစားသုံးမှုနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်မှု တွေရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။  ဒီရောဂါတွေက ကာကွယ်ဖို့ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအရွက် တွေကို ပိုမိုစားသုံးပေးပါ။ ဒါ့အပြင် ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း တွေ ပြုလုပ်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ နှာခေါင်း – နှလုံးသွေးကြောဆိုင်ရာရောဂါများ

အစာအိမ်အချဉ်ပေါက်ခြင်း၊ သွေးလည်ပတ်မှုနည်းလာခြင်း၊ လေပွခြင်း၊ လေထုညစ်ညမ်းခြင်းနဲ့ တခြားသောအကြောင်းအရာ အများအပြားဟာ သွေးတိုးနဲ့ နှလုံးရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အဲ့ ဒီရောဂါတွေကို ကာကွယ်ဖို့ဆိုရင် ဆရာဝန်နဲ့ပုံမှန်တွေ့ဆုံပြီး သွေးဖိအားတိုင်းပါ။ ကိုလက်စ်ထရော စစ်ပါ။ ဖိအားတွေများနေပြီး ကိုလက်စ်ထရောအဆင့်များနေရင် ဆရာဝန်နဲ့တိုင်ပင်ကုသပါ။

၅။ ပါးရိုးနှစ်ဖက်- အဆုပ်

ပါးရိုးပေါ်က အစက်အပြောက်တွေဟာ ပန်းနာရင်ကျပ်ရောဂါ၊ ဒါမှမဟုတ် ဆေးလိပ်သောက် ခြင်းနဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ တခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖော်ပြနေတာပါ။ မျက်လုံးတဝိုက်ညိုမှောင်နေတာကလည်း အတူတူပါပဲ။ ဒီရောဂါကို ကာကွယ်တား ဆီးဖို့ဆိုရင် ဆေးလိပ်ကိုဖြတ်ပါ။ လေထုညစ်ညမ်းစေတဲ့နေရာတွေကို ရှောင်ပါ။

၆။ ပါးနှစ်ဖက် – အဆုပ်နဲ့ ကျောက်ကပ်

ပါးနှစ်ဖက်ပေါ်မှာ သမားရိုးကျမဟုတ်တဲ့ထူးခြားပြောင်းလဲမှုလေးတွေကို တွေ့တယ်ဆိုရင် ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအသောက်တွေစားတာ၊ အချိုဓာတ်လွန်ကဲတာ၊ ဆေးလိပ်သောက် တာနဲ့ စိတ်ဖိအားများခြင်းရဲ့ ရလဒ်တစ်ခုဖြစ်နိုင်ပါတယ်။ အဲ့ဒီရောဂါကို ကာကွယ်ဖို့ဆိုရင် အာဟာရ ပြည့်ဝပြီး ကျန်းမာစေတဲ့အစားအသောက်တွေကို ညီမျှအောင် စားပေးသင့်ပါတယ်။

၇။ ပါးစပ်နဲ့ မေးစေ့ – အစာအိမ်

အစာအိမ်ဆိုတာ အချို၊ အဆီ၊ အစပ်၊ ကော်ဖီနဲ့အရက်တွေ အလွန်အကျွံသောက်သုံးရုံကြောင့် သာ မဟုတ်ပါဘူး။ အချိန်မှန်မအိပ်တာ၊ စိတ်ဖိစီးမှုများတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီရောဂါကို  ကာကွယ်ကုသဖို့ဆိုရင် စိမ်းစိုလတ်ဆတ်တဲ့အသီးအရွက်တွေများများ စားပေးပါ။ အဆီနဲ့အစပ်အစား အစာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ အစာအိမ်ရောဂါ ဆက်လက် ဖြစ်ပွားနေသေးတယ်ဆိုရင် တော့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးလိုက်ပါ။

၈။ မေးရိုးနဲ့လည်ပင်း – ဟော်မုန်းဆိုင်ရာမညီမျှမှုပြဿနာများ

ဟော်မုန်းမညီမျှမှုဟာ ပူလွန်းငံလွန်းတဲ့အစားအသောက်တွေ၊ ကဖိန်းဓာတ်ပါတဲ့အစားအစာ တွေကို စားသုံးခြင်းရဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။

စာချစ်သူများအားလုံးလည်း ကျန်းမာပျော်ရွှင်သော ဘဝနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။