H1N1 နဲ့ ပတ်သက်ပြီး မှားယွင်းသော အယူအဆများ

blank
စာချစ်သူတို့ရေ…

H1N1 နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့အချိန်မှာ ရောဂါနဲ့ပတ်သက်ပြီး သို့လောသို့လော အမြင်တွေကိုလည်း ကြားသိနေရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ တိကျတဲ့ အချက်တွေမဟုတ်ဘဲ ထင်ကြေးအဖြစ်ပြောကြတဲ့အချက်တွေကြောင့် စိုးရိမ်ကြောင့်ကြစရာတွေလည်း ကြုံတွေ့နေရပါတယ်။ ဒါကြောင့် စာချစ်သူတို့သတိထားဆင်ခြင်နိုင်ဖို့ အတွက် H1N1 နဲ့ပတ်သက်ပြီး မှားယွင်းတဲ့အယူအဆလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ “ကိုယ်က ကျန်းမာရေးကောင်းနေရင် H1N1 ကို ထူးပြီး ဂရုစိုက်နေစရာမလိုပါဘူး” ဆိုတာ မှားပါတယ်။

တကယ်တော့ မိမိက ကျန်းမာရေးကောင်းတယ်ဆိုပေမဲ့ ခုခံအားနည်းနေတဲ့အခါမျိုးမှာ ရောဂါပိုးကူးစက်ခံရရင် H1N1 ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြာခဏလက်ဆေးတာ၊ လူထူထပ်နေရာတွေသွားခြင်းရှောင်ကြဉ်တာ၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးတာ စတာတွေကို လူတိုင်းသတိထားပြီး လုပ်ဆောင်သင့်ပါတယ်။

 ၂။ “ကြက်သား၊ ဝက်သားစားရင် H1N1 ဖြစ်မယ်” ဆိုတာ မှားပါတယ်။

တကယ်တော့ H1N1 ဟာ နှာချေ၊ချောင်းဆိုးတဲ့အခါ ထွက်ပေါ်လာတဲ့ အစက်အမှုန်လေးတွေကို ထိတွေ့မိတာကနေ ကူးစက်နိုင်တာဖြစ်ပါတယ်။ ဘာအသားကိုပဲစားစား အပူချိန် ၁၆ဝ ဒီဂရီပေးပြီး ကျက်အောင်ချက်စားခြင်းကတော့ အခြားရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

၃။ “H1N1 ဖြစ်ရင် ကုသလို့ မရဘူး”ဆိုတာမှားပါတယ်။

တကယ်တော့ အခြားသော တုပ်ကွေးတွေလိုပဲ H1N1 ကိုလည်း ထိရောက်လျင်မြန်စွာ ကုသမယ်ဆိုရင် ကုသလို့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “ရိုးရိုးတုပ်ကွေးဖြစ်ဖူးတယ်ဆိုရင် H1N1 မဖြစ်နိုင်ဘူး” ဆိုတာမှားပါတယ်။

တကယ်တော့ H1N1 ရောဂါပိုးဟာ ကိုယ်ခံစွမ်းအားနည်းတဲ့ ရောဂါပိုးကူးစက်ခံရသူတွေ ဖြစ်နိုင်ချေများတာကြောင့် မည်သူမဆိုဂရုတစိုက်ကာကွယ်ထားသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဖျားနာနေတဲ့အခါ ရောဂါလက္ခဏာတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့နဲ့ ထိရောက်မှုရှိစွာ ကုသမှုခံယူဖို့အရေးကြီးပါတယ်။

၅။ “မျက်နှာကို mask အုပ်ထားရင် H1N1 မဖြစ်နိုင်ဘူး”  ဆိုတာ မှားပါတယ်။

တကယ်တော့ H1N1 ဟာ အသက်ရှူလမ်းကြောင်းတစ်ခုတည်းကနေ ကူးစက်တာမဟုတ်ဘဲ နှာချေချောင်းဆိုးတဲ့အခါ ထွက်ပေါ်လာတဲ့ အစက်အမှုန်လေးတွေက ခန္ဓာကိုယ်ရဲ့ အမြှေးပါးလေးတွေကို ထိတွေ့မိပြီး ကူးစက်တာဖြစ်ပါတယ်။ ဒါကြောင့် mask အုပ်ထားတာ တစ်ခုတည်းနဲ့ အပြည့်အဝကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

စာချစ်သူတို့ရေ…

အပြင်းဖျားတာ၊ အသက်ရှူမဝတာ၊ အသက်ရှူတဲ့အခါ ကျော၊ရင်အောင့်တာ၊ ထုံထိုင်းတာ၊ အစားစာချင်စိတ်မရှိတာ၊ နှာစေးတာနဲ့ အော့အန်တာစတဲ့ လက္ခဏာတွေ ကြုံတွေ့နေရတယ်ဆိုရင် စနစ်တကျကုသမှုခံယူဖို့ကိုလည်း သတိပေးလိုက်ရပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်သည်ဆိုတဲ့ စကားလေးလိုပဲ မိမိရဲ့မိသားစုဝင်တွေကိုလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးစားဆောင်ရွက်ဖို့၊ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာတွေကို စားသုံးဖို့နဲ့ ကောင်းစွာအိပ်စက်အနားယူဖို့ သတိပေးလိုက်ပါဦးနော်။ စာချစ်သူများအားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။