မောင်ရေ…

မပြောမဖြစ်လို့ ပြောရဦးမယ်။ ကျွန်မတို့ မိန်းမသားတွေမှာလေ တစ်လမှာ ၄၊ ၅ရက်လောက်က စိတ်ညစ်ပြီး ခက်ခဲတဲ့အချိန်တွေ ဖြစ်နေတတ်တယ်။ မောင်က ယောက်ျားလေးဆိုတော့ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ အဲဒီ့ရက်တွေမှာ ကျွန်မ စိတ်မကြည်မလင်ဖြစ်နေတတ်တာ၊ စိတ်တိုလွယ်နေတတ်တာ၊ စိတ်အားငယ်နေတတ်တာ၊ ကိုယ်လက်မအီမသာဖြစ်နေတတ်တာတွေကို မောင်သတိထားမိမှာပေါ့။

ဒီလိုကာလတွေမှာ မောင့်အနေနဲ့ ကျွန်မကို ဂရုစိုက်ပေးပါလို့ ပြောချင်ပါတယ်။ စိတ်မရှည်ဘဲ မောင့်ကို အော်ချင်အော်မိလိမ့်မယ်။ မောင့်လေသံနည်းနည်းလေးမာသွားတာနဲ့ ကျွန်မငိုချင်ငိုမိလိမ့်မယ်။ အိမ်မှုကိစ္စတွေ၊ မောင့်ဝေယျာဝစ္စတွေလုပ်ဖို့ လစ်ဟင်းချင်လစ်ဟင်းမိလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာပြီဆိုရင် မောင် ကျွန်မအပေါ် စိတ်မကွက်ပါနဲ့။ မိန်းမသားတွေဖြစ်ရတဲ့ဒုက္ခဆိုတာ ဒီဒုက္ခတွေကို ရည်ညွှန်းတာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီကာလတွေမှာ ကျွန်မကို စိတ်သက်သာပျော်ရွှင်အောင် ထားပါမောင်။ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုပျောက်ဆုံးနေတတ်တဲ့ ဒီကာလတွေမှာ ကျွန်မကိုယ်ကျွန်မယုံကြည်တတ်အောင် မောင်စွမ်းဆောင်ပေးပါနော်။

မိန်းကလေးတိုင်းဟာ ဒီလိုအချိန်တွေမှာ ပင်ပန်းနွမ်းလျပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတတ်တယ်။ မောင့်အနေနဲ့ ကျွန်မကိုချစ်ရင်၊ စာနာရင် ကျွန်မရဲ့ တာဝန်လေးတွေ၊ အိမှ်ုကိစ္စလေးတွေကို ကူလုပ်ပေးပါ။ မောင်ကျွန်မကို ချစ်တယ်မဟုတ်လား။ ရက် ၃ဝ မှာ ၄ရက်လောက်ပဲ မောင့်ကို နည်းနည်းအလုပ်ရှုပ်စေမယ်လေကွာ…နော်။

ဒီလိုကာလတွေမှာ ကိုယ်လက်မအီမသာဖြစ်နေတတ်တဲ့ ကျွန်မကို မောင့်ရဲ့အထိအတွေ့လေးတွေနဲ့ သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးပါ။ ကျွန်မကို ဖက်ထားပေးတာမျိုး၊ မောင့်ရင်ခွင်ထဲမှာ မှီနွဲ့ပြီး သက်တောင့်သက်သာ အနားယူစေတာမျိုးပေါ့။

မောင့်ရဲ့ အချစ်တွေကို ကျွန်မသိအောင် မကြာခဏထုတ်ဖော်ပြောဆိုပါမောင်။ ဟော်မုန်းအပြောင်းအလဲကြောင့် ကျွန်မစိတ်တွေ မတည်ငြိမ်ဘဲ ဟိုတွေးဒီတွေးတွေးနေတတ်တယ်။ “မောင်ကျွန်မကို တကယ်ရောချစ်ရဲ့လား”လို့ မကြာခဏတွေးနေတတ်မယ့် ကျွန်မကို စိတ်ကျေနပ်အောင်လို့ ချစ်စကားလေးတွေ ပြောပေးပါ။

ပြီးတော့ ဒီရက်တွေမှာ ကျွန်မခံစားနေရတာတွေနဲ့ပတ်သက်လို့ ရင်ဖွင့်လာရင် မောင့်အနေနဲ့ စိတ်မရှည်တဲ့အမူအရာမျိုး၊ နားမထောင်ချင်တဲ့အမူအရာမျိုးပြပြီး ကျွန်မကို အမှိုက်တစ်စလိုမျိုး မဆက်ဆံလိုက်ပါနဲ့နော် မောင်။ မောင်က ကျွန်မရဲ့ အရင်းနှီးဆုံးသူစိမ်းပဲ မဟုတ်လား။ နောက်ပြီး ကျွန်မကြိုက်တတ်တဲ့ စားစရာလေးတွေ၊ ကျွန်မကြိုက်တဲ့ သီချင်းခွေလေးတွေ၊ စာအုပ်လေးတွေ ကျွန်မအတွက် ဝယ်လာပေးရင် သိပ်ကောင်းမှာပဲ သိလား။

ဒီလိုတွေပြောလို့ “ဒီကောင်မလေး ဆိုးလိုက်တာ”လို့ မောင် ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မဆိုးတာ နွဲ့ဆိုးပါမောင်။ မောင် ကျွန်မကို ချစ်တယ်လို့ ယုံကြည်တဲ့အတွက် ကျွန်မပြောတဲ့အချက်လေးတွေကိုလည်း လိုက်နာမယ်လို့ ကျွန်မမျှော်လင့်နေမယ်နော်… မောင်။

အော်… မောင့်ကို မှာစရာတစ်ခု မေ့နေလို့။ ဒီလိုနေ့ရက်တွေမှာ ကျွန်မကို နေသာစေဖို့၊ နာကျင်ကိုက်ခဲမှုတွေကင်းဝေးစေဖို့၊ စိတ်လက်ပေါ့ပါးပျော်ရွှင်ဖို့ ဆေးစွမ်းကောင်းတစ်လက်ရှိတယ်လေ။ မောင်သတိထားမိတယ်မဟုတ်လား Prim E လေ။ အဲ့ဒါ မောင်ရုံးကပြန်လာရင် ဝယ်လာဖို့ မမေ့နဲ့ဦးနော်။

မောင့်ရဲ့ ကလေးဆိုးလေး

ကျွန်မ

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် ဂန္ထဝင် မဂ္ဂဇင်း နှင့် ပျိုမေတို့ရဲ့ ကျန်းမာခြင်းအတွက် အလိုအပ်ဆုံးဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့ Prim-E မှ ပူးပေါင်း ရေးသားတင်ဆက်ခြင်း ဖြစ်သည်။