အပူရှပ်ခြင်းအန္တရာယ်က ဘယ်လိုကာကွယ်ကြမလဲ

blank

စာချစ်သူတို့ရေ…

ပူပြင်းလှတဲ့ နွေရာသီကို ရောက်ရှိလာပြီမို့ အပြင်ထွက်တဲ့အခါ ဖြစ်တတ်တဲ့အပူရှပ်ခြင်း အန္တ ရာယ်ကို ကာကွယ်ဖို့နည်းလမ်းတွေလည်း လူတိုင်းသိထားဖို့ လိုအပ်လာပါပြီနော်။

၁။ ပေါ့ပါးလွတ်လပ်တဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ။

ထူထဲတင်းကြပ်တဲ့အဝတ်အစားတွေက ခန္ဓာကိုယ်ကို လေဝင်လေထွက်မကောင်းစေဘဲ အပူ လွန်ကဲပြီး ကျန်းမာရေးထိခိုက်စေပါတယ်။

၂။ နေပူဒဏ်ကို ကာကွယ်ပါ။ 

နေပူဒဏ်က ခန္ဓာကိုယ်ရဲ့အအေးဓာတ်စွမ်းရည်ကို ပျက်ပြယ်စေပါတယ်။ ဒါကြောင့် အပြင် ထွက်တဲ့အခါ ဦးထုပ်ကြီးကြီးဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။ နေလောင်ခံခရင်မ်လိမ်းပါ။

၃။ အရည်များများသောက်ပါ။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေပြည့်နေခြင်းက ချွေးထွက်လို့ ကုန်သွားတဲ့ရေဓာတ်တွေကို ဖြည့် တင်းပေးသလို ခန္ဓာကိုယ်ကိုလည်း သာမန်အပူချိန်ရှိနေအောင် ထိန်းသိမ်းပေးပါတယ်။

၎။ ဆေးဝါးတွေနဲ့ သေချာကာကွယ်ပါ။

အပူကြောင့်ဖြစ်ရတဲ့ပြဿနာတွေကို သတိဝီရိယနဲ့စောင့်ကြည့်ပြီး လိုအပ်တဲ့ဆေးဝါးတွေသုံးစွဲ ခြင်းဖြင့် ခန္ဓာကိုယ်မှာ ရေဓာတ်ရှိစေပြီး အပူတွေကို ကွယ်ပျောက်စေပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ပိတ်ထားတဲ့ကားထဲမှာ ကလေးတွေထားခဲ့ခြင်းကို ရှောင်ပါ။

အပူတွေ ကားထဲမှာ လှောင်နေတဲ့အခါ အပူချိန်ဟာ ၁ဝ မိနစ်အတွင်း ၆.၇ ဒီဂရီစင်တီဂရိတ် ထက်ပိုပြီး မြင့်တက်လာနိုင်ပါတယ်။ အဲ့ဒီအပူရှိန်ကြောင့် ကလေးအနေနဲ့ အပူရှပ်ပြီး သေဆုံးနိုင်ပါ တယ်။ ဒါကြောင့် ကားရပ်ထားတဲ့အခါ ကလေးငယ်တွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားထဲမထား ခဲ့ပါနဲ့။

၆။ တစ်နေ့တာရဲ့အပူဆုံးအချိန်တွေမှာ ဂရုစိုက်ပါ။

        ရာသီဥတုအပြင်းဆုံးအချိန်တွေမှာ ချွေးထွက်စေတဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေကို ရှောင် ကြဉ်ပါ။ မလွှဲသာလို့ လှုပ်ရှားရရင် အရည်များများသောက်ပါ။ နေရိပ်မှာ မကြာခဏနားပါ။ ဖြစ်နိုင်ရင် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကို နေအေးချိန်မှာ လုပ်ဖို့ အချိန်ဇယားဆွဲပါ။

၇။ ပုံမှန်အလေ့အကျင့်ပြုလုပ်ပါ။

        နေပူအောက်မှာ နေနေကျမဟုတ်တဲ့သူတွေဟာ နေပူထဲအလုပ်လုပ်ရတဲ့အခါ အပူရှပ်တတ်ပါ တယ်။ ဒါကြောင့် မလွှဲမရှောင်သာလုပ်ရမယ်ဆိုရင် ချက်ချင်းမလုပ်ဘဲ အချိန်ကို ကန့်သတ်ပါ။ အပူ ဒဏ်နဲ့ ခန္ဓာကိုယ်အလေ့အကျင့်ရတဲ့အထိ ဖြည်းဖြည်းချင်း အချိန်ဇယားကို တိုးယူပါ။

၈။ နေထိုင်မကောင်းတာကြာရှည်လာရင် ဂရုစိုက်ပါ။

        ဆေးသောက်နေရင်းနဲ့ ဖျားနာမှုပိုတိုးလာရင် ပူပြင်းတဲ့အခြေအနေကို ရှောင်ပါ။ မြန်မြန် ကုသပါ။ ပူပြင်းတဲ့ရာသီအောက်မှာ အားကစားလုပ်ရသူတေါအနေနဲ့ အရေးပေါ်ကာကွယ် ဆေးဝါးတွေကို ကြိုတင်ဆောင်ထားသင့်ပါတယ်။

ဗဟုသုတလေးတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။