ထမင်းတွေပြန်နွှေးစားခြင်းက အစာအဆိပ်သင့်စေနိုင်သလား

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

မချက်ရသေးတဲ့ဆန်မှာ ရောဂါဖြစ်ပွားစေတဲ့ပိုးမွှားငယ်မျိုးစေ့တွေ အများအပြားပါဝင်နေပါ တယ်။ အဲ့ဒီထဲက ဘက်တီးရီးယားပိုးတစ်မျိုးဟာ အစာအဆိပ်သင့်မှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ထမင်း ချက်ပြီးသွားတဲ့အခါ အဲ့ဒီပိုးတွေဟာ အသက်ရှင်ကျန်ရစ်နေနိုင်ပါတယ်။

ထမင်းကို သာမန်အပူချိန်မှာ ထားထားတဲ့အခါ ပိုးမွှားမျိုးစေ့တွေဟာ ဘက်တီးရီးယားအဖြစ် ကြီးထွားလာနိုင်ပါတယ်။ အဲ့ဒီဘက်တီးရီးယားတွေဟာ တိုးပွားလာပြီး အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်း ကို ဖြစ်ပေါ်စေတဲ့ အဆိပ်အတောက်တွေကို ထုတ်လွှတ်ပေးပါတယ်။          ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားငယ်တွေပါဝင်တဲ့ထမင်းကိုစားမိရင် ၁-နာရီမှ ၅-နာရီ အတွင်း နေထိုင်မကောင်းခြင်းနဲ့ အော့အန်ဝမ်းလျှောခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။ လက္ခဏာရပ်တွေ ပြင်းထန်ရင် ပြင်းထန်သလို ၂၄-နာရီလောက်ကြာတတ်ပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းတဲ့ ထမင်း ကိုစားဖို့ အရေးကြီးလှပါတယ်။

စိတ်ချရတဲ့ထမင်းဖြစ်ဖို့အတွက်…

၁။ ချက်ချင်းချက်ပြီး ချက်ချင်းစားပါ။

၂။ အဲ့ဒီလိုအဆင်မပြေရင် ချက်ပြီးတစ်နာရီအတွင်းသာရှိသေးတဲ့ ထမင်းကို စားပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ရေခဲသေတ္တာထဲမှာ တစ်ရက်ထက်ပိုကြာအောင် ထည့်သိမ်းထားတဲ့ထမင်းကို လုံးဝရှောင်ပါ။

၎။ ဘယ်လိုထမင်းပဲဖြစ်ဖြစ် ပြန်နွှေးရာမှာ အပူငွေ့ထောင်းထောင်းထအောင်နွှေးတာမျိုး ရှောင်ပါ။

၅။ တစ်ကြိမ်ထက် ပိုပြီးပြန်နွှေးထားတဲ့ထမင်းကို ရှောင်ပါ။

ဗဟုသုတရစေတဲ့စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။