အိပ်မပျော်တဲ့ညတွေကို ကျော်ဖြတ်နိုင်စေမယ့် နည်းလမ်းကောင်းလေးများ

blank

အိပ်စက်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ကျန်းမာတဲ့နေထိုင်မှုဘဝအတွက် သိပ်အရေးကြီးတဲ့ အ ရာဖြစ်ပါတယ်။ ကျန်းမာရေးကြောင့်ဖြစ်စေ၊ တခြားသော စိတ်ခံစားမှုများကြောင့်ဖြစ်စေ အိပ်မပျော်နိုင် တဲ့အခါ နောက်ဆက်တွဲပြဿနာတွေက နေ့စဉ်ဘဝရဲ့ လုပ်ငန်းခွင်တွေ၊ လူမှုရေးတွေထဲအထိလိုက်ပါ လာပြီး အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် အိပ်မပျော်စေတဲ့ပြဿနာလေးတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို လူတိုင်း သိမှတ်ထားသင့်တာအမှန်ပါပဲ။

၁။ အိပ်ပျော်ဖို့ခက်တယ်ဆိုရင်…

  • မအိပ်ခင် ၇-နာရီအတွင်း လက်ဖက်ရည်၊ ကော်ဖီသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
  • နံနက်တိုင်းလေ့ကျင့်ခန်းလုပ်ပါ။

၂။ ပြင်းပြင်းထန်ထန်ဟောက်တတ်တယ်ဆိုရင်…

  • ခေါင်းအောက်မှာ လက်ထားပြီး ဘေးစောင်းအိပ်ပါ။
  • မအိပ်ခင်မှာ နှာခေါင်းကို ဆားရေနဲ့ဆေးကြောပါ။
  • အရက်ကို ရှောင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ လည်ပင်းနာကျင်တယ်ဆိုရင်…

  • ခေါင်းအုံးကို အနည်းဆုံး ၂-နှစ်တစ်ကြိမ် လဲပေးပါ။
  • သစ်ဆေးဖြူနဲ့ပြုလုပ်ထားတဲ့ခေါင်းအုံးမျိုးကို ရွေးချယ်ပါ။

၎။ ညဘက်ခဏခဏနိုးနေတယ်ဆိုရင်…

  • မအိပ်ခင်မှာ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
  • အိပ်ခန်းအပူချိန်ကို ၂ဝ-၂၅ ဒီဂရီစင်တီဂရိတ်မှာ ထားပါ။

၅။ ရင်ပူတယ်ဆိုရင်…

  • ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။
  • ခေါင်းအုံးကို ထောင်ပြီး ဘယ်ဘက်လှည့်ကာ အိပ်စက်ပါ။

၆။ ပခုံးနာတယ်ဆိုရင်…

  • ခေါင်းအုံးဖက်ပြီး ကျောချအိပ်ပါ။

၇။ စောစောထဖို့ခက်နေတယ်ဆိုရင်…

  • နေ့စဉ်အချိန်မှန်မှန်ထပါ။ ( အလုပ်ပိတ်ရက်တွေမှာလည်း ထပါ။)

၈။ ကြွက်တက်ပြီး ကြွက်သားတွေနာကျင်နေတယ်ဆိုရင်…

  • နာကျင်နေတဲ့နေရာကို နှိပ်ပေးပါ။ နွေးထွေးစွာအိပ်စက်ပါ။ ကြွက်သားတွေကို ဆန့်တန်းပေးပါ။

၉။ နောက်ကျောနာကျင်တယ်ဆိုရင်…

  • ခေါင်းအုံးကို ပေါင်အောက်မှာထားပြီး မှောက်အိပ်ပါ။ ဒါမှမဟုတ် ခြေထောက်တွေအောက်မှာ ခေါင်းအုံးကို ထားပြီး ကျောချအိပ်ပါ။

ဗဟုသုတလေးတွေကို ပြန်လည်မျှဝေဖို့အတွက် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။