စိတ်အလျဉ်ကို ၅မိနစ်အတွင်း တည်ငြိမ်အေးချမ်းစေနိုင်မယ့် ဂျပန်ရှေးဟောင်းကုထုံးလေးတစ်ခု

blank

နေ့ရက်တွေတိုင်းမှာ စိတ်ဖိစီးမှုအနည်းငယ်ကြုံရတာဟာ လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ သဘာဝပါ။ ဒါပေမဲ့ စိတ်ဖိစီးမှုတွေများပြာလာရင်တော့ နေ့စဉ်လူနေမှုဘဝနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေများလာတဲ့အခါ အချိန်အနည်းငယ်အတွင်းမှာ လျှော့ချပြီး စိတ်သက်သာရာရစေနိုင်ဖို့ ရှေးဟောင်းဂျပန်ရိုးရာကုထုံးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

ကုထုံးလေးက လွယ်ပါတယ်။ လက်ချောင်းတစ်ချောင်းချင်းစီကို အခြားလက်နဲ့ ၁မိနစ်ခန့် ဆုပ်ကိုင်ပေးရမှာ ဖြစ်ပါတယ်။ ဆုပ်ကိုင်တဲ့အခါမှာ လက်ချောင်း ၅ချောင်းစလုံးနဲ့ ဆုပ်ကိုင်ပေးရမှာ ဖြစ်ပါတယ်။ ဆုပ်ကိုင်ထားတဲ့လက်ကနေ လက်ချောင်းလေးတွေရဲ့ သွေးခုန်နှုန်းကို ခံစားမိတဲ့အခါ ကုထုံးအောင်မြင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဒီကုထုံးလေးကို အသုံးပြုဖို့အတွက် လက်ချောင်းတစ်ချောင်းချင်းစီကို နှိပ်နယ်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို သိရှိထားဖို့ လိုပါတယ်။

လက်မကို နှိပ်ပေးခြင်းအားဖြင့် – စိုးရိမ်ပူပန်မှုတွေကို ကင်းဝေးစေတယ်။
လက်ညှိုးကို နှိပ်ပေးခြင်းအားဖြင့်– စိုးထိတ်ကြောက်ရွံ့မှုတွေကို ကင်းဝေးစေတယ်။
လက်ခလယ်ကို နှိပ်ပေးခြင်းအားဖြင့် – ဒေါသစိတ်တွေ၊ နာကျည်းခံပြင်းစိတ်တွေကို ကင်းဝေးစေတယ်။
လက်သူကြွယ်ကို နှိပ်ပေးခြင်းအားဖြင့် – စိတ်ဓာတ်ကျဝမ်းနည်းခြင်းတွေကို ကင်းဝေးစေတယ်။
လက်သန်းကို နှိပ်ပေးခြင်းအားဖြင့် – စိတ်ကို တည်ငြိမ်စေပြီး အကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ကို တိုးမြင့်စေတယ်။

        စိတ်နှလုံးသားကို တည်ငြိမ်အေးချမ်းစေချင်ရင်တော့ လက်ဖဝါးအလယ်တည့်တည့်ကို အခြားလက်တစ်ဖက်ရဲ့ လက်မနဲ့ တစ်မိနစ်ခန့် အသာလေးဖိထားရပါမယ်။

ဒီကုထုံးလေးကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် နေ့ရက်တိုင်းကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းစေနိုင်ပြီး အတွင်းစိတ်ခံစားမှုတွေကို မျှတအောင် ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။

စိတ်တည်ငြိမ်စေမယ့်နည်းလမ်းလေးကို တခြားသူတွေအတွက်ပါ SHARE လိုက်ပါ။