လှပပြည့်ဝန်းတဲ့ တင်သားပိုင်ရှင်တွေရဲ့ သူမတူတဲ့ ကောင်းကျိုးများ

blank

မိန်းမသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှမှာ တင်သားတွေရဲ့ လှပမှုကလည်း အရေးပါပါတယ်။ ဂျနီဖာလိုပတ်ဇ်၊ ဘီယွန်းစေး၊ ကင်မ် ကာဒက်ရှန် စတဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ ပြည့်ဝန်းကြီးမားတဲ့ တင်သားတွေဟာ မိန်းကလေးတော်တော်များများ အားကျရလောက်အောင်ကို လှပပါတယ်။

တင်သားကြီးတဲ့ အမျိုးသမီးတွေဟာ လှပရုံသာမက အခြားကလေးတွေထက်ပိုပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေ မွေးဖွားနိုင်ပါတယ်။ မိခင်နို့မှာပါဝင်တဲ့ Omega-3 fatty acid ဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ အဲဒီ Omega-3 fatty acid ကို သိုလှောင်ပေးထားတဲ့ အစိတ်အပိုင်းကတော့ တင်ပါးတွေပဲဖြစ်ပါတယ်။ တင်ပါးကြီးလေ၊ Omega-3 fatty acid ကို သိုလှောင်နိုင်လေဖြစ်ပါတယ်။ မိခင်နို့မှာ Omega-3 fatty acid ပါဝင်မှုများပြားတဲ့အခါ ရင်သွေးရဲ့ ဦးနှောက်နဲ့ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးပြီး ပိုမိုကျန်းမာလာပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တင်ပါးကြီးမားတဲ့အမျိုးသမီးတွေဟာ ဉာဏ်ရည်ထက်မြက်တဲ့ ရင်သွေးတွေကို မွေးဖွားပေးနိုင်ရုံသာမက အောက်ပါအကျိုးကျေးဇူးတွေကိုလည်း ပိုင်ဆိုင်နိုင်ပါတယ်။

၁။ တင်ပါးမှာ ရှိတဲ့အဆီတွေဟာ အဝါရောင်အဆီ(hypodermal yellow fat )တွေဖြစ်တာကြောင့် ကျန်းမာရေးမထိခိုက်တဲ့အပြင် ပိုမိုကောင်းမွန်စေပါတယ်။

၂။ ပြည့်ဝန်းကြီးမားတဲ့တင်သားတွေကြောင့် ပိုမိုဆွဲဆောင်မှုရှိစေတယ်။

၃။ ခန္ဓာကိုယ်အလှကြောင့် လူအများကြားမှာ ပေါ်လွင်တယ်။

၎။ တင်ပါးတဝိုက်မှာ သိုလှောင်ထားတဲ့ အဆီပိုတွေကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို လုံလုံလောက်လောက်ရရှိတဲ့အပြင် ဗိုက်ဆာတတ်တဲ့အကျင့်မျိုးလည်း မရှိကြပါဘူး။

၅။ တင်ပါးတွေက ခန္ဓာကိုယ်အောက်ပိုင်းကို ဆိုဖာသဖွယ် ခုခံပေးထားတာကြောင့် နာကျင်ညောင်းညာမှုကို လျော့နည်းစေပါတယ်။

၆။ ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အရှေ့အလေးချိန်နဲ့ အနောက်အလေးချိန်မျှတတာကြောင့် ခါးနာတာ၊ ညောင်းကိုက်တာမျိုးတွေ လျော့နည်းပါတယ်။

၇။ တင်ပါးကြီးတဲ့သူတွေမှာ သွေးကြောပိတ်ခြင်း၊ သွေးခဲခြင်းကို ကာကွယ်ပေးနိုင်တဲ့ HDL cholesterol ပမာဏ ပိုမိုများပြားပါတယ်။

၈။ အခြားသူတွေထက် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလျော့နည်းပါတယ်။

ကဲ… ဂန္ထဝင်ပျိုမေတို့ရေ။ နောက်တစ်ခါ တင်ပါးကြီးတာကြောင့် ဂျင်းဘောင်းဘီလှလှလေးတွေ ဝတ်မရလို့ စိတ်ညစ်ညစ်နဲ့ ညည်းညူတော့မယ်ဆိုရင် ဒီအကျိုးကျေးဇူးလေးတွေကို ပြန်သတိရပြီး ဂုဏ်ယူလိုက်ပါနော်။

တင်ပါးလှပတဲ့ ပျိုမေတွေ ဂုဏ်ယူစွာနဲ့ SHARE လိုက်ပါနော်။ တင်ပါးကြီးတဲ့ သူငယ်ချင်းတွေကို mention ခေါ်ဖို့လည်း မမေ့နဲ့ဦး။