သွားကို ဘယ်အချိန်တိုက်တာဟာ အထိရောက်ဆုံးလဲ။ ဘယ်လောက်ကြာ တစ်ခါတိုက်သင့်သလဲ။

blank
Beautiful young smiling woman hand touch her face and mouth, lips, teeth.
မိတ်ဆွေတို့ရေ…
 
တစ်ကိုယ်ရေကျန်းမာရေးလို့ ဆိုလိုက်ရင် လူအများစုကသန့်သန့်ရှင်းရှင်းနေထိုင် စားသောက်ဖို့ကိုပဲသတိရပြီးသွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။
 
တကယ်တော့ သွားနဲ့ခံတွင်းဆိုတာ ခန္ဓာကိုယ်ကျန်းမာစေဖို့ အတွက် အာဟာရဓာတ်တွေထည့်သွင်းတဲ့ အဓိကတံခါးပေါက်ဖြစ်ပါတယ်။ သွားနဲ့ခံတွင်းမကျန်းမာနေရင် မိမိတို့ စားသမျှတွေက ခန္ဓာကိုယ်အတွက် ပြည့်ဝတဲ့အာဟာရကိုရရှိစေနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် ခံတွင်းကျန်းမာရေးကိုဂရုစိုက်ဖို့ အရေးကြီးလှပါတယ်။ သွားနဲ့ခံတွင်းကျန်းမာစေဖို့ဆိုရင်..
 
– နံနက်စာစားပြီးချိန်နဲ့ ညအိပ်ရာမဝင်ခင် တစ်ရက်ကို နှစ်ကြိမ်သွားတိုက်ပါ။
 
– အစာစားချိန်နဲ့ နာရီဝက်ခြားပြီးမှ သွားတိုက်ပါ။
 
– သွားတစ်ခါတိုက်လျှင် အနည်းဆုံးသုံးမိနစ်အချိန်ယူပါ။
 
– သွားကြားထိုးကြိုးကိုအသုံးပြုပြီးအစာဟောင်းတွေကိုတစ်ပတ်တစ်ကြိမ်ရှင်းပါ။
 
– သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ်ပြသပါ။
 
– နှစ်လတစ်ကြိမ်သွားတိုက်တံအသစ်လဲပါ။
ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို ရှေးရှုပြီး ယခုဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းနဲ့ Jordan သွားတိုက်တံမှ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပါတယ်။