သွားအက်ကွဲခြင်းကို ကာကွယ်ဖို့ဘာတွေလုပ်ကြမလဲ။

blank
Concept of problematic teeth. Funny vector illustration

အပူပဲသောက်သောက်၊ အအေးပဲစားစား၊ ချိုတာချဉ်တာတွေပဲဝါးဝါး သွားတွေ မခံမရပ်နိုင်အောင်ကျဉ်နေပြီဆိုရင် သင့်သွားလေးတွေအက်နေပြီဆိုတဲ့ လက္ခဏာရပ်တွေပါ။

ရေခဲတုံး၊ အရိုးစတဲ့ မာကျောတဲ့အရာများကို သွားဖြင့်ကိုက်ခြင်း၊ သွားကိုမာကျောသောအရာများဖြင့် ထိခိုက်မိခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းခြင်း၊ သွားကြိတ်ခြင်း စတာတွေက သွားတွေကိုပဲ့စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေပါ။

ခံတွင်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အရေးပါတာကြာင့် သွားလေးတွေကို ဂရုစိုက်ခြင်းဟာ ကျန်းမာရေးကို ဂရုစိုက်ခြင်းရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် သွားတွေအက်ကွဲလာပြီ၊ ပဲ့စပြုလာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။

သွားဆရာဝန်တွေနဲ့ ပြသပြီး သွားတွေကို ဖာထေးတာ၊ ပိုမိုခိုင်ခံ့အောင် သွားအဆို့တပ်တာတွေကို လုပ်ပေးသင့်ပါတယ်။ အက်ကွဲကြောင်းသေးသေးလေးတွေကို ဂရုမစိုက်ဘဲ အမှုမဲ့အမှတ်မဲ့ ထားလိုက်တဲ့အခါ အက်ကွဲကြောင်းဟာ သွားဖုံးရဲ့အောက်ခြေအထိ တိုက်စားတတ်ပါတယ်။ အဲဒီအချိန်မှာ အက်ကွဲကြောင်းဟာ သွားရဲ့အမြစ်တွေအထိ လိုက်စားသွားပြီး သွားဖုံးသွေးယိုခြင်း၊ သွားဖုံးယောင်ယမ်းခြင်း၊ သွားအလွန်အမင်းကိုက်ခဲခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ ပိုမိုဆိုးဝါးလာတဲ့အခါ သွားတွေကိုနှုတ်ပစ်ရတတ်ပါတယ်။

ပရိသတ်ကြီးရေ…

သွားတွေအက်ကွဲတာကို ကာကွယ်ဖို့အတွက် မာကျောတဲ့အရာတွေကို သွားဖြင့်ကိုက်ခြင်းကို ရှောင်ကြဉ်ပြီး သွားကြိုသွားကြားတွေအထိ သန်ရှင်းပေးဖို့လည်းလိုအပ်ပါတယ်။

Jordan က ထုတ်လုပ်လိုက်တဲ့ Target Sensitive သွားတိုက်တံရဲ့သေးငယ်တဲ့ brush ထိပ်ပိုင်းလေးက ခံတွင်းပိုင်းအထိ သန့်စင်ပေးနိုင်ပြီး နူးညံ့သွယ်လျတဲ့ bristle အမျှင်လေးတွေက သွားကြိုသွားကြားတွေအထိ သန့်စင်ပေးနိုင်ပါတယ်။ သွားအက်ကွဲကြောင်းအတွင်းပိုင်းက bacteria တွေကိုပါ သန့်စင်ပေးနိုင်တဲ့အတွက် သွားအက်ကွဲသူတွေအတွက်လည်း အသင့်တော်ဆုံးနဲ့ အကောင်းဆုံးသွားတိုက်တံ တစ်မျိုးဖြစ်ပါတယ်။

ပရိသတ်တို့ရဲ့ ခံတွင်းဆိုင်ရာဗဟုသုတများအတွက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Jordan တို့ ပူးပေါင်းတင်ဆက်သည်။