လျစ်လျူရှုမထားသင့်တဲ့ သွားဖုံးသွေးယိုခြင်း ပြဿနာနှင့် ကာကွယ်နည်းများ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ… ကျွန်မတို့သွားတိုက်တဲ့အခါ သွားဖုံးသွေးယိုတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ မေ့မေ့ပျောက်ပျောက်နေခဲ့ကြတယ်။ အကယ်၍ သွားတိုက်နေတုန်း သွားဖုံးသွေးယိုတာမဟုတ်ဘဲ ခေါင်းလျှော်နေတုန်း ဦးရေပြားကနေ သွေးတွေထွက်လာတယ်ဆိုရင် ကျွန်မတို့ ဆရာဝန်ဆီ အပြေးသွားကြမှာ မဟုတ်လား။ အဲဒီ့လိုပဲ သွားဖုံးသွေးယိုတယ်ဆိုတာကလည်း ဘာအကြောင်းကြောင့်ပဲယိုယို “ဖြစ်နေကျ”ဆိုပြီး လျစ်လျူရှုထားလို့မရတဲ့ သွားကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီတော့ သွားဖုံးသွေးယိုရခြင်းအကြောင်းရင်းတွေကို ဂန္ထဝင်ပရိသတ်ကြီး သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်ရှင်။

သွားဖုံးသွေးယိုရခြင်း အကြောင်းရင်းများ

၁။ အရည်အသွေးနိမ့်တဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေးတွေကို အသုံးပြုနေခြင်း၊

၂။ အာဟာရဓာတ်ပြည့်ဝစွာ မရရှိခြင်း၊

၃။ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်း၊

၎။ စိတ်ဖိစီးမှုများပြားခြင်း၊

၅။ မျိုးရိုးလိုက်ခြင်း၊

၆။ မာကျောလွန်းတဲ့အစားအစာတွေကို စားသောက်ခြင်း၊

၇။ ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတွေသောက်သုံးခြင်း၊

၈။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း၊

အထက်ဖော်ပြပါ အကြောင်းရင်းတွေကတော့ သွားဖုံးသွေးယိုခြင်းကို ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်။” ဒီလိုအကြောင်းရင်းတွေကို သိရှိထားတော့ ကာကွယ်ရမယ့်နည်းလမ်းတွေကို ပိုပြီး သိရှိနိုင်တယ် မဟုတ်ပါလားရှင်။

သွားတိုက်တဲ့အခါမှာ မာကျောတဲ့ bristle အမျှင်နဲ့တိုက်ခြင်း၊ အားစိုက်ပြီး ဖိတိုက်ခြင်းတို့ကလည်း သွားဖုံးသွေးယိုစေပါတယ်။ သွားဖုံးသွေးယိုခြင်းကို ကာကွယ်နိုင်ဖို့ နူးညံ့တဲ့ bristle အမျှင်လေးတွေပါဝင်ပြီး သွားအတွင်းပိုင်းထိ အလွယ်တကူသန့်စင်ပေးနိုင်တဲ့ သွားတိုက်တံအမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

သွားကျန်းမာရေးကောင်းမွန်စေဖို့ ကျွန်မရွေးချယ်ထားတဲ့ သွားတိုက်တံလေးညွှန်းပါဆိုရင်တော့ Jordan ရဲ့ Clean Smile သွားတိုက်တံပဲဖြစ်ပါတယ်။ Clean Smile သွားတိုက်တံမှာ နူးညံ့တဲ့ bristle အမျှင်လေးတွေ ၆၁၂ မျှင်ပါဝင်ပြီး သွားကို သေချာသန့်စင်ပေးနိုင်ပါတယ်။ ဒီဇိုင်းလေးက ရိုးရှင်းလှပပြီး ဈေးကလည်း သင့်တင့်ချိုသာပါတယ်။ ဒါကြောင့် ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရဲ့ သွားကျန်းမာရေးအတွက် အကောင်းဆုံးသွားတိုက်တံကို ရွေးချယ်ရမယ်ဆိုရင် Jordan ရဲ့ Clean Smile သွားတိုက်တံကို ရွေးချယ်ဝယ်ယူဖို့ အကြံပြုပါရစေရှင်။

ပြည်သူအများရဲ့ သွားကျန်းမာရေးကောင်းမွန်စေဖို့ ရည်ရွယ်လျက် Jordan နှင့် ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းတင်ဆက်သည်။