သွားချိုးတွေမဖြစ်ပေါ်စေဖို့ သွားတွေကို ဘယ်လိုကာကွယ်ကြမလဲ။

blank

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွားနဲ့ခံတွင်းကျန်းမာနေဖို့က အလွန်အရေး ကြီးလှပါတယ်။ တချို့က နေ့စဉ်ပုံမှန်သွားတိုက်နေပေမယ့် နည်းစနစ်မမှန်တာကြောင့် သွားကြားမှာ ချိုးတွေကပ်ပြီး ဘက်တီးရီးယားပိုးတွေပေါက်ဖွားလာပါတယ်။ ဒါ့ကြောင့် သွားချိုးတွေ မဖြစ်ပေါ်အောင် သွားနဲ့ခံတွင်းဆိုင်ရာ စနစ်တကျ ဂရုစိုက်ဖို့နည်းလမ်းလေးတွေကို အကြံပြုလိုက်ပါတယ်။

၁။ နေ့စဉ်သွားတိုက်ပါ။

နူးညံ့တဲ့ဘရပ်ရှ်ပါတဲ့သွားတိုက်တံနဲ့ ဖလူအိုရိုက်ပါတဲ့သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ်သွား တိုက်ပါ။ တစ်ခါတိုက်လျှင် နှစ်မိနစ်ခန့်အချိန်ယူပြီး သွား၊ သွားဖုံး။ လျှာနဲ့ပါးစောင်စသဖြင့် ခံတွင်း တစ်ခုလုံး သေချာသန့်ရှင်းပေးပါ။

၂။ သွားကြားတွေကို သန့်ရှင်းပါ။

သွားကြားထိုးကြိုးကို အသုံးပြုခြင်းက သင့်သွားကြားထဲမှာ အစာဟောင်းတွေ ကျန်မနေစေတဲ့ အတွက် ရေရှည်မှာ သင့်သွားနဲ့ခံတွင်းကျန်းမာရေးအတွက် စိတ်အချရဆုံး ဖြစ်ပါတယ်။

၃။ အာလုတ်ကျင်းပါ။

အာလုတ်ကျင်းတာက သွားကြားထဲမှာသွားချိုးတွေဖြစ်ပေါ်စေတဲ့ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားလာအောင် တားဆီးနိုင်ပါတယ်။ တစ်ခါ အာလုတ်ကျင်းရင် စက္ကန့်သုံးဆယ်နှုန်းနဲ့ တစ်ရက်ကို နှစ်ကြိမ်ခန့် အာလုတ်ကျင်းပေးသင့်ပါတယ်။

၎။ စေးကပ်ပြီး ချိုတဲ့အစားအသောက်တွေရှောင်ကြဉ်ပါ။

စေးကပ်ပြီး အချိုဓာတ်ကဲတဲ့အစားအသောက်တွေဟာ စားပြီးရင် သွားကြားထဲကျန်နေတဲ့ အတွက် သွားချိုးတွေဖြစ်ပေါ်လာပြီး သွားပိုးစားလာပါတယ်။ ဒါ့ကြောင့် အချိုဓာတ်ကဲပြီး စေးကပ်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

၅။ သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။

တစ်နှစ်ကို သွားဆရာဝန်နဲ့နှစ်ကြိမ် ပုံမှန်ပြသပါ။

သွားချိုး(ဂျိုး)တွေကလည်း ရေရှည်မှာ သွားကျန်းမာရေးကို ချို့ယွင်းလာစေတဲ့ အန္တရာယ် ဖြစ်တာကြောင့် သွားတိုက်တဲ့အခါ သွားအတွင်းပိုင်းအထိ သေချာသန့်ရှင်းပေးနိုင်တဲ့ သွားတိုက်တံမျိုး အသုံးပြုဖို့ လိုအပ်လှပါတယ်။ Jordan ကထုတ်တဲ့ Individual Reach သွားတိုက်တံဟာဆိုရင် 0.01 mm ထိပါးလွှာတဲ့ အမျှင်လေးတွေနဲ့ ပြုလုပ်ထားတာကြောင့် သွားကြားတွေအတွင်းဆုံးထိ သန့်ရှင်းစင်ကြယ်စေပါတယ်။ ဆန်းသစ်တဲ့ သွားတိုက်တံ ဒီဇိုင်းလေးတွေ ရွေးချယ်နိုင်စေတာကြောင့် သင့်ရဲ့ တစ်နေ့နှစ်ကြိမ် ပုံမှန်သွားတိုက်ချင်စိတ်လေးကို ဘယ်လိုမှ လွဲချော်လိုတော့မှာ မဟုတ်ပါဘူး။

ဂန္ထဝင်ပရိသတ်ကြီးရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ယခုဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Jordan သွားတိုက်တံတို့မှ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပါတယ်။