မကြာခဏလေလည်တတ်လို့ စိတ်ညစ်နေတဲ့သူတွေ ဒီစာစောင်လေးကို ဖတ်ကြည့်ပါ။

blank

        ကျွန်မတို့တွေဟာ လူတွေအကြားမှာ ရောက်နေတဲ့အချိန် လေလည်ချင်တဲ့အခါမှာ တစ်ဖက်သားကို အားနာတဲ့အနေနဲ့ လေလည်တာကို အောင့်ထားတတ်ကြတယ် မဟုတ်လား ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ…။ ဒီလို အောင့်ထားလိုက်လို့ရပေမဲ့ အဲဒီလေတွေဟာ အဆုတ်ထဲကို ဖြည်းဖြည်းချင်း ဝင်ရောက်သွားပြီး လေချဉ်တက်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် နေရထိုင်ရတာ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

လေလည်တာက အနံ့မကောင်းတဲ့အခါ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေနိုင်ပေမယ့် လေလည်လိုက်တဲ့သူအတွက်တော့ အောက်ပါ ကျန်းမာကောင်းကျိုးတွေဖြစ်စေနိုင်ပါတယ်။

၁။ လေနာရောဂါကို သက်သာစေတယ်။

လေပွစေတဲ့အစားအစာတွေ (ဥပမာ- ပဲအမျိုးမျိုး၊ လက်ဖက်)ကို စားပြီးတဲ့အခါ ဝမ်းဗိုက်အတွင်းမှာ လေပွစေပြီး ဗိုက်အောင့်တတ်ပါတယ်။ အဲဒီလို လေနာထတဲ့အချိန်မျိုးမှာ လေလည်လိုက်ခြင်းက ဗိုက်အောင့်တာကို သက်သာစေပြီး ဝမ်းဗိုက်အတွင်းက လေတွေကို ထွက်သွားစေပါတယ်။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ လေလည်လိုက်တဲ့ အနံ့ကနေတဆင့် ကျန်းမာရေးပြဿနာတွေကို သိစေနိုင်တယ်။

ကျန်းမာရေးကောင်းမွန်နေတဲ့ သာမန်လူတစ်ဦးရဲ့ လေလည်တဲ့အနံ့ဟာ မနံပါဘူး။ တကယ်လို့ လေလည်တဲ့အခါ အနံ့ဆိုးရွားစွာ ထွက်နေပြီဆိုရင် အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းတစ်လျှောက်ပိုးဝင်ခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုခုရှိနေပြီလို့ ယူဆနိုင်ပါတယ်။

၃။ လေလည်တဲ့အနံ့ကို ရှူခြင်းက ကျန်းမာရေးကို ကောင်းမွန်စေတယ်။

လေလည်လိုက်တဲ့အခါထွက်လာတဲ့လေမှာ ဟိုက်ဒရိုဂျင်ဆာလ်လဖိုဒ်(hydrogen sulfide) ဓာတ်တွေ များစွာပါဝင်နေပါတယ်။ အဲဒီဟိုက်ဒရိုဂျင်ဆာလ်လဖိုဒ်ကို ရှူရှိုက်ခြင်းက ဆဲလ်ပျက်စီးခြင်းကို လျော့နည်းစေနိုင်ပြီး လေဖြတ်ခြင်း၊ အဆစ်အမြစ်နာကျင်ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၎။ အူတွင်းမှာရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေရဲ့ အခြေအနေကို သိစေတယ်။

အူအတွင်းမှာရှိတဲ့ ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေတယ်၊ ဦးနှောက်ကို ပုံမှန်လည်ပတ်စေတယ်၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးတယ်။ ပုံမှန်လေလည်ခြင်းဟာ အူလမ်းကြောင်းထဲက ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေရဲ့ အခြေအနေကောင်းမွန်မှုကို ညွှန်ပြနေတာကြောင့် အူလမ်းကြောင်းကျန်းမာရေးကို သိစေနိုင်မယ့် အချက်ပြမှုတစ်ခုလည်းဖြစ်ပါတယ်။

၅။ စားသောက်မှုပုံစံကို မှန်ကန်စေတယ်။

ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေအနေနဲ့ အာဟာရဓာတ်တွေ လုံလောက်စွာမရတဲ့အခါ လေမလည်တတ်ပါဘူး။ ပုံမှန်လေမလည်ခြင်းဟာ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံတွေ၊ ကြက်သွန်နီတွေ များများစားသင့်ပြီလို့ အချက်ပြနေသလိုပါပဲ။ ဒါ့အပြင် သွေးဆုံးချိန်နီးကပ်နေတဲ့ အမျိုးသမီးများအတွက် လေမကြာခဏလည်ခြင်းက ပရိုဘိုင်အိုတစ်များများပါဝင်တဲ့ အာဟာရဓာတ်တွေ လိုအပ်နေပြီလို့ အချက်ပြတဲ့အပြင် သွေးဆုံးကိုင်ဝေဒနာတွေကင်းဝေးစေမယ့် ဟော်မုန်းတွေ များစွာထုတ်လွှတ်ပေးပါတယ်။

မကြာခဏလေလည်တတ်တဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို Mention ခေါ်ဖို့ မမေ့နဲ့နော်။