မိခင်တို့သိစေဖို့ ကလေးငယ်များ၏ ငယ်သွားနှင့် သွားပိုးစားခြင်းအကြောင်း

blank

လူသားတစ်ယောက်ရဲ့ ဘဝမှာ အစာအာဟာရမှီဝဲဖို့ အစားစာဖို့၊ စကားပြောဖို့နဲ့ အပြုံးလေးတွေလှပဖို့အတွက် သွားတွေဟာ အလွန်အရေးကြီးလှပါတယ်။ ဒါ့ကြောင့် မိဘများအနေနဲ့ ကလေးငယ်တွေရဲ့ သွားလေးတွေလှပစေဖို့ ငယ်စဉ်ကတည်းက ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

ကလေးငယ်တွေဟာ အချိုဓာတ်များစွာပါဝင်တဲ့ နို့သောက်ခြင်းကြောင့် သွားပိုးစားခြင်း၊သွားအခေါင်းပေါက်ဖြစ်ပေါ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ နို့မှာ ပါဝင်တဲ့ ဘတ်တီးရီးယားတွေဟာ သွားမှာထင်ကျန်ခဲ့ခြင်းကြောင့် သွားပိုးစားနိုင်သလို ဖလိုရိုက်အလုံအလောက်မရရှိတာကြောင့်လည်း သွားပိုးစားနိုင်ပါတယ်။ သင့်ကလေးငယ်တွေရဲ့ ငယ်သွားတွေဟာ ကြွေလဲရမှာသေချာပေမယ့် သွားပိုးစားခြင်းကိုတော့ ကာကွယ်ထားဖို့တော့လိုပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ သွားပိုးစားခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

  • ကလေးငယ်ကို နို့တိုက်ကျွေးမယ့် အသုံးအဆောင်တွေကို သန့်ရှင်းအောင်ထားပါ။ အစားကျွေးပြီးတိုင်း သွားတွေကို အဝတ်အစိုတစ်ခုနဲ့ သန့်စင်ပေးပါ။
  • သင့်ကလေးသွားထွက်စပြုတဲ့အချိန်ကစပြီး ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ သွားတိုက်တံကိုသုံးပြီး ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးပဲစေ့အရွယ်လောက်ထည့်ပြီး သွားတိုက်ပေးပါ။
  • ကလေးငယ်တွေရဲ့ ဖြည့်စွက်စာတွေမှာ သကြား၊ အချိုရည် စတာတွေရောနှောတိုက်ကျွေးခြင်း ရှောင်ကြဉ်ပါ။
  • ကလေးငယ်တွေရဲ့ ညစာ နို့ကို မအိပ်ခင်မှာ အဝတိုက်ထားပါ။
  • ကလေးငယ်တွေကို အသင့်စားအစားအစာတွေအစား အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကျွေးမွေးပါ။
  • ကလေးငယ်တွေကို မာကျောတဲ့အရာတွေကို မကိုက်ပါစေနဲ့။

ပရိသတ်ကြီးရေ…

မိခင်တစ်ယောက်ဖြစ်လာပြီဆိုကတည်းက ကလေးလေးကို အရိပ်လိုကြည့်ပြီး ဖွံ့ဖြိုးမှုတွေကို တိုင်းတာရတာအမော။ ကလေးလေးပထမဆုံးပြုံးတဲ့အပြုံးကနေ ပထမဆုံးသွားလေးပေါက်လာတဲ့အထိ မေမေတို့ရဲ့ စိတ်လှုပ်ရှားမှုနှုန်းတွေက တစ်စတစ်စများလာနေတယ်မဟုတ်လား။ မိခင်ပီပီ မိမိရင်သွေးငယ်လေးတွေရဲ့ သွားလေးတွေပိုးစားမှာ မလှမပဖြစ်မှာစိုးရိမ်နေတတ်တာကလည်း အနည်းနဲ့အများပါပဲ။ အဲဒီလိုဖြစ်နေတဲ့ မိခင်တွေအနေနဲ့ “Jordan Tooth Brush for Kids” လေးတွေကို သုံးဖို့အကြံပြုပါရစေ။

Step 0 – 2 သွားတိုက်တံကို လသားအရွယ်ကနေ ၂နှစ်သားအရွယ်ထိ အသုံးပြုနိုင်အောင် တီထွင်ပေးထားတဲ့အပြင် သွားပေါက်စကလေးငယ်တွေ သွားဖုံးယားတဲ့အခါ ကိုက်နိုင်ဖို့ လက်ကိုင်ကိုလည်း ရာဘာကွင်းပုံစံ ပြုလုပ်ထားပါတယ်။ အလေ့အကျင့်ကောင်းဆိုတာ စောစောစထားလေ ကောင်းလေမဟုတ်လား။ ဒါ့ကြောင့်အခုပဲ ရင်သွေးငယ်ရဲ့ အပြုံးလေးကို ဂရုစိုက်ဖို့ ပထမခြေလှမ်းကို စတင်လိုက်ကြရအောင်နော်။

ကလေးငယ်တွေရဲ့ သွားကျန်းမာရေးကောင်းမွန်စေဖို့ ရည်ရွယ်လျက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Jordan Myanmar တို့မှ ပူးပေါင်းတင်ဆက်သည်။