မျက်စိယားယံခြောက်သွေ့ခြင်းကို ပျောက်ကင်းစေနိုင်တဲ့ အိမ်သုံးဆေးနည်းလမ်းများ။

blank

၁။ အအေးဓာတ်

မျက်ခမ်းခြောက်ခြင်းကို သက်သာစေဖို့ သန့်ရှင်းတဲ့အဝတ်တစ်ခုကို ရေအေးထဲမှာစိမ်ပြီး မျက်ခွံတွေပေါ်မှာ ခဏလောက်ကပ်ထားပေးပါ။ စတီးဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲမှာ ခဏအအေးခံပြီး မျက်ခွံပေါ်မှာ ကပ်ပေးခြင်းကလည်း မျက်ခမ်းစပ်ခြင်း၊ မျက်လုံးယားယံခြင်းနှင့် မျက်ခွံမို့ဖောင်းခြင်းကို သက်သာစေပါတယ်။

၂။ ရေနဲ့ ဆား

ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေကျက်အေးထဲမှာ လုံးဝပျော်ဝင်သွားတဲ့အထိ ရောမွှေပြီး အပူပေးပါ။ ထို့နောက် ဆားရည်ကို အအေးခံပါ။ ဆားရည်အေးသွားပြီဆိုရင် မျက်စဉ်းခတ်လိုက်ပါ။ မျက်ခမ်းစပ်ခြင်းကို သက်သာစေတဲ့အပြင် မျက်လုံးနားတစ်ဝိုက်က ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အာလူး

ပိုးဝင်လို့ပဲဖြစ်ဖြစ်၊ အကုတ်လွန်လို့ပဲဖြစ်ဖြစ်၊ ငိုထားလို့ပဲဖြစ်ဖြစ် ရောင်ပြီးမို့အစ်နေတဲ့ မျက်လုံးလေးတွေကို နဂိုအတိုင်းပြန်ဖြစ်စေဖို့ ပါးပါးလှီးထားတဲ့ အာလူးပြားလေးတွေကို ရေခဲသေတ္တာထဲမှာ အအေးခံပြီး မျက်ခွံပေါ်မှာ ကပ်ထားပေးပါ။

၎။ သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်ခွံပေါ်မှာ ကပ်ထားပေးခြင်းကလည်း မျက်စိနာခြင်း၊ မျက်ခမ်းခြောက်ခြင်းနဲ့ မျက်လုံးရောင်ခြင်းတို့ကို သက်သာစေပါတယ်။ ဒါကြောင့် တစ်ရက်မှာ ၄ကြိမ် ၅ကြိမ်ခန့် လုပ်ပေးသင့်ပါတယ်။

၅။ ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး ထိုအရည်နဲ့ မျက်လုံးတစ်ဝိုက်ကို ဆေးကြောပေးပါ။ မျက်ခမ်းစပ်ခြင်းနဲ့ မျက်လုံးခြောက်သွေ့ခြင်းတို့ကို သက်သာစေပါတယ်။

၆။ လက်ဖက်စိမ်း

ရေနွေးထဲကို လက်ဖက်ခြောက်များများခတ်ပြီး အအေးခံပါ။ ရေနွေးအေးသွားတဲ့အခါ ထိုရေနွေးကြမ်းနဲ့ မျက်လုံးတစ်ဝိုက်ကို ဆေးကြောပါ။ စိမ်ပြီးသားလက်ဖက်ခြောက်ဖတ်လေးတွေကို မျက်ခွံပေါ်မှာ ကပ်ထားပေးခြင်းကလည်း မျက်ခမ်းစပ်ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေကို သူတစ်ပါးအတွက်ပါ SHARE လိုက်ပါ။