ခံတွင်းအနံ့ဆိုးထွက်ခြင်းကြောင့် မိမိကိုယ်ကိုယုံကြည်မှု ပျောက်ဆုံးနေပြီလား။

blank
studio shot of young Japanese woman on white background

ခံတွင်းနံ့ဆိုးရွားခြင်းက လူအများကြားမှာ စကားပြောဖို့်မဝံ့မရဲဖြစ်စေနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုကို ပျောက်ဆုံးစေနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးရွားခြင်းကို ကာကွယ်ဖို့ ခံတွင်းနံ့ဆိုးရွားခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေကို သိထားဖို့လိုအပ်ပါတယ်။

ခံတွင်းအနံ့ဆိုးရွားခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

  • အနံ့ပြင်းတဲ့အစားအသောက်တွေကို စားသုံးခြင်း၊
  • သွားပုံမှန်မတိုက်ခြင်း၊
  • သွားပိုးစားခြင်း၊
  • သွားဖုံးရောဂါဖြစ်ခြင်း၊
  • ဆေးလိပ်သောက်ခြင်း၊
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ခြင်း၊
  • ဆီးချိုရောဂါဖြစ်ခြင်း၊
  • နှာခေါင်းနဲ့ လည်ချောင်းကင်ဆာဖြစ်ခြင်း တို့ကြောင့် ခံတွင်းကနေ အနံ့ဆိုးများ ထွက်တတ်ပါတယ်။

ခံတွင်းနံ့ဆိုးရွားခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိရှိပြီးတဲ့နောက်မှာ “အနာသိ၊ ဆေးရှိ”ဆိုသလို အနံ့ဆိုးမထွက်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို အလွယ်တကူပဲ ရှာဖွေလို့ရပါတယ်။

ခံတွင်းနံ့ဆိုးခြင်းကင်းဝေးစေဖို့ –

၁။ အနံ့ပြင်းတဲ့အစားအသောက်တွေကို စားပြီးတိုင်း သွားတိုက်တာဖြစ်ဖြစ်၊ ပလုတ်ကျင်းတာဖြစ်ဖြစ်လုပ်ပြီး ပီကေဝါးပါ။ အနံ့ပြင်းတဲ့အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်တာ အကောင်းဆုံးပါ။

၂။ သွားကျန်းမာရေးကို ဂရုစိုက်ပါ။ သွားနှင့်ခံတွင်းကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ အိပ်ရာဝင်ခါနီးတိုင်း သွားတိုက်ပါ။

၃။ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါဖြစ်ခြင်းကို ကာကွယ်ဖို့ သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပါ။

၎။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

၅။ သွားနဲ့ခံတွင်းရောဂါတွေ မရှိဘဲ ခံတွင်းအနံ့ဆိုးထွက်နေတယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာ ရောဂါရှိမရှိစစ်ဆေးပါ။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရဲ့ သွားကျန်းမာရေးကောင်းမွန်စေဖို့ ရည်ရွယ်လျက် ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Jordan Toothbrush တို့မှ ပူးပေါင်းစီစဉ်တင်ဆက်လိုက်ပါတယ်ရှင်။