ညဘက်တစ်ရေးနိုးလာချိန်တွေက ပြောပြနေသော သင့်ကျန်းမာရေးအကြောင်း။

blank

သင်ဟာ…

၁။ ည(၉) နာရီမှ (၁၁)နာရီအတွင်း အမြဲနိုးလာတတ်တယ်ဆိုရင်

ဒီအချိန်ဟာ ခန္ဓာကိုယ်ထဲက အန်ဒိုရင်းစနစ်တွေကို ပြန်ညှိပြီး အင်ဇိုင်းဓာတ်တွေ ပြန်ဖြည့်တင်း ပေးတဲ့အချိန်ပါ။ အန်ဒိုရင်းစနစ်က မက်တာဘော်လစ်ဇင်နဲ့ ဟော်မုန်းတွေကို စီမံခန့်ခွဲပေးပါတယ်။ ဒီအ ချိန်မှာ သင်တစ်ရေးနိုးလာတာဟာ  စိတ်ဖိစီးမှုများခြင်း၊ အစားနည်းခြင်းနဲ့ အစာစားနောက်ကျခြင်း စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ည(၁၁)နာရီမှ မနက်(၁)နာရီအတွင်း အမြဲနိုးလာတတ်တယ်ဆိုရင်

ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း နှစ်ဆယ့်လေးနာရီလည်ပတ်နေတဲ့ “ ရင်”  စွမ်းရည်တွေက “ ရန်” စွမ်းရည်ဆီကို ကူးပြောင်းတဲ့အချိန်ဖြစ်ပါတယ်။ “ ရန်” စွမ်းရည်တွေမြင့်မားစွာ တက်ကြွနေပြီး နောက်တစ်နေ့ သင့်ခန္ဓာကိုယ်စွမ်းအင်တွေသိုလှောင်ပေးဖို့ အထောက်အပံ့ဖြစ်ပါတယ်။ ဒီအချိန် နိုးလာတာဟာ သည်းခြေမှာ အဆီတွေဖုံးနေတာကြောင့်ဖြစ်နိုင်သလို သင့်မှာ စိတ်ဖိစီးမှုတွေ ခံစား နေရလို့လည်း ဖြစ်နိုင်ပါတယ်။

၃။ နံနက်(၁)နာရီမှ (၃)နာရီအတွင်း အမြဲနိုးလာတတ်တယ်ဆိုရင်

ဒီအချိန်ဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေဖယ်ရှားပေးပြီး ကိုယ်တွင်းစနစ်တွေကို အသစ်ဖြစ်စေတဲ့ အရေးကြီးဆုံးအချိန်ုဖြစ်ပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှား ပေးပြီး သွေးတွေကိုလည်း ပြန်လန်းဆန်းစေတဲ့အချိန်ပါ။ ဒီအချိန်နိုးလာတာဟာ သင့်အသည်းမှာ ပြဿနာတစ်ခုခုရှိနေလို့ဖြစ်ပါတယ်။ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအပေါ် အသည်းက အာရုံစိုက်နေရလို့လည်း ဖြစ်နိုင်ပါတယ်။

၎။ နံနက်(၃)နာရီမှ (၅)နာရီအတွင်း အမြဲနိုးလာတတ်တယ်ဆိုရင်

ဒီအချိန်ဟာ အဆုတ်တွေအတွက် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ဓာတ်တွေပြန်လည် ပြုပြင်ပြီး ခန္ဓာကိုယ်တွင်းစနစ်တွေကို လွယ်ကူချောမွေ့စေတဲ့ အနွေးဓာတ်တွေ ပြုလုပ်ပေးတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်အတွင်း နိုးလာတယ်ဆိုရင် သင့် အဆုတ်တွေအတွက် အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ လိုအပ် နေပါပြီ။ ပူဆွေးဝမ်းနည်းစရာတွေကြောင့် အဆုတ်နာမကျန်းဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

၅။ နံနက်(၅)နာရီမှ (၇)နာရီအတွင်း အမြဲနိုးလာတတ်တယ်ဆိုရင်

ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်တွင်းစနစ် တွေကို သန့်ရှင်းပေးတဲ့အချိန်ဖြစ်သလို အူမကြီးတွေ အလုပ်လုပ်နေချိန်လည်းဖြစ်ပါတယ်။ ဒီအချိန်မှာ နိုးလာတတ်တယ်ဆိုရင် သင်ဟာ အစားနည်းလို့၊ ဒါမှမဟုတ် အစာစားချိန် နောက်ကျလွန်းတာကြောင့် ဖြစ်နိုင်ပါတယ်။

ဗဟုသုတရစရာ ဒီဆောင်းပါးလေးကို အခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။