အများတကာအပေါ် ဂရုစိုက်ကြင်နာတတ်သလို ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်တတ်စေဖို့နည်းလမ်းညွန်များ

blank

၁။ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေဖို့

  • ကျေးဇူးတင်စကားပြောပါ။
  • ကိုယ့်ပေါင်းသင်းဆက်ဆံရေးကို အမြဲဆန်းစစ်ပါ။
  • အသိမိတ်ဆွေတွေအတွက် ပေးစာတစ်စောင်ရေးပါ။
  • တွေ့ဆုံပွဲတစ်ခုကို အကြံပြုပါ။
  • သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ပါ။
  • သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ပါ။
  • ချစ်ခင်သူတွေဆီ ဖုန်းဆက်ပါ။
  • သူငယ်ချင်းတစ်ယောက်နဲ့ လမ်းလျှောက်ပါ။
  • ကော်ဖီသောက်ပါ။

၂။ ခံစားမှုပိုင်းဆိုင်ရာ ကောင်းမွန်စေဖို့

  • နေ့လည်စာ ကောင်းကောင်းစားပါ။
  • မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ချစ်တယ်ပြောပါ။
  • နံနက်ခင်းကို ပျော်စရာတွေနဲ့ ဖွင့်လှစ်ပါ။
  • သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပါ။
  • ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပါ။
  • စာရေးပါ။
  • အနုပညာတစ်ခုခု ဖန်တီးပါ။
  • အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်နဲ့ အချိန်ဖြုန်းပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 ၃။ ခန္ဓာကိုယ် ကျန်းမာစေဖို့

  • ရေများများသောက်ပါ။
  • မတ်တပ်ရပ်ပြီး အညောင်းဆန့်ပါ။
  • တစ်ရေးတမောအိပ်စက်ပါ။
  • ပုံမှန်လမ်းလျှောက်ပါ။
  • အစိမ်းရောင်ရှုမျှော်ခင်းတွေကို လှမ်းကြည့်ပါ။
  • ခြေဖဝါးကို နှိပ်နယ်ပါ။
  • သီချင်းဖွင့်ပြီး ကပါ။
  • အရည်ရွှမ်းပြီး အရသာရှိတဲ့အသီးအနှံတွေ စားပါ။
  • အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
  • ရယ်စရာလေးတွေကို ရှာဖွေပါ။

၎။ စီမံခန့်ခွဲမှုအဆင်ပြေစေဖို့

  • ကုန်စုံဆိုင်သွားဖို့အချိန် သတ်မှတ်ပါ။
  • တစ်ပတ်စာအသုံးစရိတ်ကို သတ်မှတ်ပါ။
  • နှစ်ချုပ်စာရင်းဆွဲနည်း သင်ယူပါ။
  • အိမ်သန့်ရှင်းရေး ၁၅ မိနစ်လုပ်ပါ။
  • ရင်းနှီးမြုပ်နှံမှုအကြောင်း လေ့လာပါ။
  • သန့်ရှင်းရေးအချိန်ဇယားကို တိုးပါ။

၅။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့

  • ၁ဝ မိနစ်တရားထိုင်ပါ။
  • ဆုတောင်းပါ။
  • ဉာဏ်ကွန့်မြူးစေတဲ့စာတွေဖတ်ပါ။
  • ပရဟိတလုပ်ပါ။
  • ပန်းခြံထဲမှာ လမ်းလျှောက်ပါ။
  • မြက်ခင်းပေါ်မှာ နေ့လည်စာစားပါ။
  • ကြင်နာမှုတွေပြုပါ။
  • သီချင်းဆိုပါ။
  • ပန်းကလေးတွေကို ကြည့်ပါ။

၆။ ဉာဏ်ရည်ပိုင်းဆိုင်ရာ ထက်မြက်စေဖို့

  • ဉာဏ်ရည်သုံးရတဲ့ ဂိမ်းကစားပါ။
  • ဘာသာစကားအသစ်တစ်ခု သင်ယူပါ။
  • ဖုန်းနဲ့ကွန်ပျူတာကို တစ်နာရီပိတ်ထားပါ။
  • ဆောင်းပါးလေးတွေဖတ်ပါ။
  • ဆိတ်ငြိမ်တဲ့နေရာမှာ အချိန်ဖြုန်းပါ။
  • စိတ်ချမ်းသာစွာနံနက်စာစားပါ။
  • စိတ်ကူးတွေကို သေချာမှတ်တမ်းတင်ထားပါ။
  • အသုံးမလိုတဲ့ အီးမေးလ်ဟောင်းတွေကို ဖျက်ပါ။
  • သင်တန်းတွေ တက်ပါ။
  • အသစ်အဆန်းလုပ်ကြည့်ပါ။