မိသားစုတိုင်း ကျန်းမာလှပတဲ့ သွားတန်းလေးတွေနဲ့ အတောက်ပဆုံး ပြုံးနိုင်စေဖို့

blank
Asian family of three female bonding together

သွားနဲ့ခံတွင်း မကောင်းတဲ့အခါ ဆီးချို၊ သွေးချို၊ နှလုံးနှင့် အခြားရောဂါတွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်မိသားစုလုံးရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ သွားနဲ့ခံတွင်းကျန်းမာစေဖို့-

– နံနက်စာ စားပြီးချိန်နဲ့ အိပ်ရာမဝင်ခင် တစ်နေ့နှစ်ကြိမ်သွားတိုက်ပေးပါ။

– အစာစားပြီး နာရီဝက်ကြာမှ သွားတိုက်ပါ။

– သွားတိုက်တံကို သုံးလတစ်ကြိမ်လဲလှယ်ပါ။

– နူးညံ့သောဘရပ်ရှ် (bristles) ပါတဲ့ သွားတိုက်တံမျိုးကို ရွေးချယ်ပါ။

– ဖျားနာချိန်မှာသုံးခဲ့တဲ့ သွားတိုက်တံဟောင်းမှာ ရောဂါပိုးတွေကျန်ရစ်နိုင်တဲ့အတွက် စွန့်ပစ်လိုက်ပါ။

– သွားဖုံးကို ထိခိုက်စေတဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေနဲ့ အက်ဆစ်ဓာတ်ပါတဲ့ ဖျော်ရည်တွေကို ရှောင်ကြဉ်ပါ။

– သွားနဲ့အရိုး ခိုင်မာစေတဲ့ ကယ်လ်စီယမ်ဓာတ်ကို များများစားသုံးပေးပါ။

– တစ်နှစ်ကိုနှစ်ကြိမ် သွားဆရာဝန်ထံ မှန်မှန်ပြသပါ။

– သွားတိုက်တဲ့အခါ လျှာကိုလည်း အမြဲသန့်ရှင်းပေးပါ။

– ကလေးများကို တစ်နှစ်ဝန်းကျင်အရွယ်ကတည်းက မိဘတွေနဲ့အတူ သွားတိုက် စေခြင်းဖြင့် ပျော်ရွှင်စွာသွားတိုက်လိုစိတ်ကို လေ့ကျင့်ပျိုးထောင်ပေးပါ။

ကဲ… ပရိသတ်ကြီးရေ…ဖြူစင်တဲ့သွားလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့သွားတိုက်တံကို ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်နော်။

  • နူးညံ့တဲ့ဘရတ်ရှ်
  • အရည်အသွေးမြင့်ကုန်ပစ္စည်းနဲ့
  • လှပတဲ့ဒီဇိုင်း

တွေကို ရှာဖွေနေတယ်ဆိုရင်တော့ Jordan ရဲ့ သွားတိုက်တံအမျိုးအစား အသစ်ဖြစ်တဲ့ Target Teeth and Gums က အသင့်တော်ဆုံးဆိုတာကို လက်တို့လိုက်ပါရစေနော်။ Jordan ရဲ့ Target Teeth and Gums သွားတိုက်တံဟာ သွားကျိုသွားကြားက ပိုးမွှားများနဲ့ သွားချေးတွေကို သန့်စင်ပေးတဲ့အပြင် သွားဖုံးသားတွေကို မထိခိုက်စေတဲ့အတွက် သင့်အိမ်သားတွေရဲ့ ခံတွင်းကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်

“တစ်မိသားစုလုံးရဲ့ တောက်ပတဲ့အပြုံးတွေကို စောင့်ရှောက်နိုင်ဖို့ Jordan သွားတိုက်တံနဲ့ သွားတိုက်ကြပါစို့”  နော်။