သဘောကောင်းပါ။ ဒါပေမယ့် လူတွေကို ခေါင်းပေါ်တက်နင်းခွင့် မပြုပါနဲ့။

blank

သင်ဟာ ဘယ်လိုလူတစ်ယောက်ပဲဖြစ်နေပါစေ၊ လူသားတစ်ယောက်အနေနဲ့ အနည်းဆုံး အောက်ပါအခွင့်အရေးတွေကိုတော့ ပိုင်ဆိုင်ခွင့်ရှိနေတာကို  အမြဲတမ်းသတိရပါ။

သင့်မှာ…

  • တစ်ဖက်သတ်ဆန်ဆန်အပြုအမူတွေ၊ တောင်းဆိုမှုတွေကို ငြင်းဆိုပိုင်ခွင့် ရှိတယ်။
  • စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအားလုံးကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိတယ်။
  • ယှဉ်ပြိုင်မှုတိုင်းမှာ ပါဝင်ခွင့်ရှိတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • ပြဿနာအရပ်ရပ်ကို ကိုယ်ပိုင်အမြင်နဲ့ ဖြေရှင်းပိုင်ခွင့်ရှိတယ်။
  • မှားယွင်းမှုတွေလည်း ပြုလုပ်ခွင့်ရှိတယ်။
  • သင့်စိတ်ကူးတွေ၊ ထင်မြင်ချက်တွေနဲ့ထိုက်တန်တဲ့လေးစားမှုကို ပြန်ရပိုင်ခွင့်ရှိတယ်။
  • အကြံဉာဏ်၊ အကူအညီနဲ့ ချစ်ခင်မှုတွေကို ရယူုပိုင်ခွင့်ရှိတယ်။
  • လိုအပ်ချက်တွေကို တောင်းဆိုပိုင်ခွင့်ရှိတယ်။
  • မသိနားမလည်တဲ့ကိစ္စတွေအတွက် မေးမြန်းသင်ယူပိုင်ခွင့်ရှိတယ်။
  • အခြားသူတွေရဲ့အမြင်ပြောင်းလဲပေးဖို့ တောင်းဆိုပိုင်ခွင့်ရှိတယ်။
  • အရွယ်ရောက်လူသားတစ်ယောက်လို ပြုမူဆက်ဆံပိုင်ခွင့်ရှိတယ်။
  • သင့်အချိန်တွေကို တန်ဖိုးထားပိုင်ခွင့်ရှိတယ်။
  • သင့်အပေါ်ပြဌာန်းချက်တွေကို မလိုက်နာပိုင်ခွင့်ရှိတယ်။
  • ပြဿနာကို ဝင်အကဲဖြတ်ပေးပိုင်ခွင့်ရှိတယ်။
  • သင့်စိတ်ကို ပြောင်းလဲပိုင်ခွင့်ရှိတယ်။
  • မသိတာကို ဝန်ခံပိုင်ခွင့်ရှိတယ်။
  • ဆုံးဖြတ်ချက်တွေလည်း ချမှတ်ပိုင်ခွင့်ရှိတယ်။
  • ဂရုမစိုက်တဲ့အရာတွေအကြောင်းကို ပြောပိုင်ခွင့်ရှိတယ်။