၎ဝကျော် မမကြီးများပြောတဲ့ ၃ဝကျော် မမလေးများအတွက် အမှာစကားလေးများ

blank

၁။ မိတ်ကပ်တွေက အသားအရေကို ရင့်ရော်စေနိုင်တာကြောင့် ညအိပ်ယာဝင်ခါနီးတိုင်း မျက်နှာသစ်ပြီး ဖယ်ရှားပါ။

၂။ ဒေါက်မြင့်ဖိနပ်တွေ မကြာခဏစီးတာက ခြေထောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဖိနပ်အပါးလေးတွေကိုပဲစီးပါ။

၃။ အိပ်ရေးပျက်တာက တင်းတိပ်တွေကို ဖြစ်စေတာကြောင့် အိပ်ရေးဝဝအိပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဆောင်းရာသီမှာတောင် နေရောင်ကာကွယ်ဖို့ sunscreen ကိုလိမ်းပါ။

၅။ ကျန်းမာရေးအတွက် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းပါ။

၆။ ကြွက်သားလျော့ရဲမှုမဖြစ်အောင် ကိုယ်ကာယကြံ့ခိုင်စေမယ့်လေ့ကျင့်ခန်း လုပ်ပါ။

၇။ မိမိရဲ့ ပင်ကိုယ်အလှကို ထိန်းသိမ်းပါ။

၈။ ငယ်ရွယ်တဲ့အချိန်မှာ မိဘတွေအတွက် အချိန်ပေးပါ။ မိဘတွေနဲ့အတူ ပျော်ရွှင်စရာလေးတွေ ဖန်တီးပါ။

၉။ စကားနည်းနည်းပြောပြီး များများနားထောင်ပါ။

၁ဝ။ ဝေဖန်လာသမျှကို အပြုံးမပျက်တုံ့ပြန်တတ်အောင် လေ့ကျင့်ထားပါ။

၁၁။ သူတစ်ပါးရဲ့စိတ်ကျေနပ်မှုထက် မိမိကိုယ်တိုင်ရဲ့ စိတ်ကျေနပ်မှုကို ရှာဖွေပါ။

၁၂။ အသက် ၄ဝ ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်ဖို့ မသင့်တော်တော့ပါဘူး။ ဒါ့ကြောင့် အသက် ၃ဝအရွယ်မှာ ကလေးယူပါ။

၁၃။ နောင်တစ်ချိန်မှာ အဆင်ပြေစေဖို့ ငွေကြေးတွေကို စုဆောင်းပါ။

၁၄။ ယောက်ျားတစ်ယောက်အတွက် အချိန်မပေးဘဲ မိမိကိုယ်တိုင်ရဲ့ ဘဝအောင်မြင်မှုအတွက် အချိန်ပေးပါ။

၁၅။ ကိုယ့်ဘဝအတွက် အသိဉာဏ်ဝမ်းစာပြည့်ဝအောင် တတ်နိုင်သလောက် ဖြည့်တင်းပါ။