အမျီုးသမီးတိုင်းသိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း တစေ့တစောင်း

blank

     သားအိမ်ခေါင်းကင်ဆာဆိုတာ တစ်ကမ္ဘာလုံးက အမျိုးသမီးထုကြီးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါကြီးတစ်ခု ဖြစ်ပါတယ်။ သားအိမ်ရဲ့ အောက်ဘက်မှာ မိန်းမကိုယ်(Vagina) နဲ့ဆက်စပ်ထားတဲ့ သားအိမ်ခေါင်း(cervix) ရှိပါတယ်။ ထို သားအိမ်ခေါင်းအတွင်းက ဆဲလ်တွေ ထိန်းချုပ်လို့မရနိုင်အောင် ကြီးထွားလာတဲ့အခါမှာ သားအိမ်ခေါင်းကင်ဆာ (cervical cancer) ဖြစ်ပွားတတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကို စောစောတွေ့ရှိပြီး စောစောကုသလေ၊ ပျောက်ကင်းနိုင်ချေ များလေ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ အများစုဟာ HPV (human papillomavirus) လို့ခေါ်တဲ့ ကူးစက်ရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ထိုဗိုင်းရပ်စ်ပိုးဟာ အမျိုးအစားများစွာရှိပြီး  လိင်မှတဆင့်ကူးစက်တတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာလက္ခဏာတွေက ဘာတွေလဲ။

  • မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
  • ခါးအောက်ပိုင်းနှင့် တင်ပဆုံတဝိုက်နာကျင်ခြင်း
  • လိင်ဆက်ဆံချိန်နာကျင်ခြင်း
  • ပုံမှန်ထက်များသော အဖြူဆင်းခြင်း တို့ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ ရောဂါဖြစ်စမှာ ထူးခြားတဲ့လက္ခဏာမပြဘဲ ရောဂါကျွမ်းတဲ့အခြအနေမှာမှ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါ့ကြောင့်အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု (Pap Test)ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ပုံမှန်စစ်ဆေးခြင်းကြောင့် သားအိမ်ခေါင်းအတွင်းမှ ဆဲလ်များမူမမှန်မှုကို အချိန်မီသိရှိနိုင်ပြီး ကင်ဆာဆဲလ်အဖြစ် မပြောင်းခင် အချိန်မီအမြစ်ပြတ်ကုသနိုင်မှာ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

၁။ HPV (human papillomavirus) ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း – HPV ပိုးဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။

၂။ ခုခံအားကျဆင်းခြင်း – ခန္ဓာကိုယ်တွင်းမှာ HPV ရောဂါပိုးကို ခုခံနိုင်လောက်အောင် ကိုယ်ခံအားမရှိတာကြောင့်လည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားတတ်ပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း – တစ်နေ့ကို ဆေးလိပ် ၂လိပ်ပုံမှန်သောက်သုံးတတ်တဲ့မိန်းမတွေဟာ ဆေးလိပ်လုံးဝမသောက်တတ်တဲ့မိန်းမတွေထက် ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

၎။ အသက်အရွယ်အပိုင်းအခြား – သားအိမ်ခေါင်းကင်ဆာဟာ အသက် ၂ဝ ဝန်းကျင်၊ အသက် ၃၅နှစ်ဝန်းကျင်နဲ့ အသက် ၄ဝနောက်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။

၅။ သားဆက်ခြားဆေးသောက်သုံးခြင်း – သားဆက်ခြားဆေးသောက်သုံးခြင်းကလည်း သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို တိုးမြင့်စေတယ်လို့ ပညာရှင်များကဆိုပါတယ်။

၆။ Diethylstilbestrol (DES) ပါဝင်တဲ့ ဆေးဝါးမှီဝဲခြင်း – diethylstilbestrol (DES)ဆိုတာ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပျက်မကျအောင် ကာကွယ်တဲ့သောက်ဆေးတွေရဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေစဉ် ထိုဆေးဝါးမှီဝဲခဲ့တဲ့ မိခင်တွေကြောင့် သမီးဖြစ်သူမှာ သားအိမ်ခေါင်းကင်ဆာဖြစ်တတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

၁။ အသက် ၂၁နှစ်အရွယ်ကစပြီး သားအိမ်ခေါင်းကင်ဆာစမ်းသပ်မှု ပုံမှန်ပြုလုပ်ပါ။

၂။ HPV ဗိုင်းရပ်ရှိမရှိ ပုံမှန်စစ်ဆေးပါ။

၃။ HPV ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပါ။ HPV ကာကွယ်ဆေးနှစ်မျိုးရှိပြီး အသက် ၁၁နှစ်နဲ့ ၁၂အရွယ်မှာ ထိုးသင့်ပါတယ်။ အသက် ၁၁နှစ်မှာ မထိုးထားတဲ့မိန်းကလေးများအတွက်လည်း အသက် ၁၃နှစ်ကနေ ၂၆နှစ်ကြားမှာ ကာကွယ်ဆေးထိုးလို့ရပါတယ်။