အမျိုးသမီးတို့ ဓမ္မတာသွေးဆုံးချိန်ကို အလွယ်တကူဖြတ်ကျော်နိုင်စေဖို့ အကြံပြုချက်များ

blank

ပရိသတ်ကြီးရေ… ကျွန်မတို့အမျိုးသမီးတွေရဲ့ဘဝမှာ ရာသီသွေးဆုံးချိန်ဆိုတာ မလွဲမသွေ ရင်ဆိုင်ကျော်ဖြတ်ရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေ သွေးဆုံးလေ့ရှိတတ်တဲ့အရွယ်ဟာ ၅၁ နှစ်အရွယ်ပါ။ ပုံမှန်လာနေကျရာသီသွေးက ခါတိုင်းလို တစ်လတစ်ကြိမ်မဟုတ်တော့ဘဲ နှစ်လမှ တစ်ကြိမ်လာတာမျိုးဖြစ်လာပြီဆိုရင် သွေးဆုံးဖို့အစပျိုးနေခဲ့ပြီဆိုတာသိနိုင်ပါတယ်။ တစ်နှစ်လုံးလုံး ရာသီသွေးလုံးဝရပ်တန့်သွားပြီဆိုရင်တော့ သင့်မှာရာသီသွေးဆုံးသွားတာ သေချာပါပြီ။

တချို့အမျိုးသမီးတွေက ရာသီသွေးဆုံးချိန်ကို လွယ်ကူစွာဖြတ်ကျော်နိုင်ကြပေမယ့် အများစုကတော့ ညဘက်ဆို ချွေးပြန်ခြင်း၊ အိပ်မပျော်ခြင်း၊ မိန်းမကိုယ်ခြောက် သွေ့ခြင်းနှင့် လိင်မှုကိစ္စခံစားလိုစိတ် လျော့နည်းခြင်း စတဲ့ ရောဂါလက္ခဏာတွေကို ခံစားကြရပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတို့တစ်သက်မှာ အရေးကြီးတဲ့အချိန်ဖြစ်တဲ့ ရာသီသွေးဆုံးချိန်ကို ဝေဒနာတွေကင်းဝေးပြီး ကျန်းမာရွှင်လန်းစွာ ကျော်ဖြတ်နိုင်စေဖို့ အကြံပြုချက်လေးအချို့ကို မျှဝေလိုက်ရပါတယ်ရှင်။

၁။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ပါ။

သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တဲ့ ပဲပိစပ်နဲ့ အဆီနည်းတဲ့နို့ထွက်ပစ္စည်းတွေကို များများစားသုံးပေးသင့်ပါတယ်။ အစားကို ဗိုက်ပြည့်တင်းအောင်မစားဘဲ တစ်ကြိမ်မှာ နည်းနည်းနှင့်မကြာခဏ စားသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့သွေးတွင်း အချိုဓာတ်ကို မှန်ကန်အောင် ထိန်းညှိပေးနိုင်ပြီး သွေးလည်ပတ်မှုကို အားကောင်း စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ဆေးဖက်ဝင်အပင်တွေကို ဖြည့်စွက်စာအနေနဲ့မှီဝဲပါ။

သွေးဆုံးချိန်မှာ အာဟာရဓာတ်ပြည့်ဝစေတဲ့ ဆေးဖက်ဝင်အပင်တွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်စာအနေနဲ့ မှီဝဲသင့်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ။

အမျိုးသမီးများ သွေးဆုံးချိန်မှာ နံနက်တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် ညဘက်ချွေးစေးပြန်ခြင်း၊ အိပ်မပျော်ခြင်းနဲ့ အဖုအပိန့်ထွက်ခြင်းတွေကို လျှော့ချပေးနိုင်တဲ့အပြင် နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

၎။ စိတ်အပန်းဖြေပါ။

သွေးဆုံးချိန်မှာ စိတ်ဖိစီးမှုကင်းဝေးစေဖို့ ယောဂကျင့်ခြင်း၊ ဂီတကို နားထောင်ခြင်း၊ ရေချိုးကန်ထဲမှာ ရေမွှေးနံ့သာဆီတွေနဲ့ ရေချိုးပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

ကဲ… အမျိုးသမီးတို့ရေ ကျွန်မတို့တစ်သက်မှာ မလွှဲမရှောင်သာကြုံရမယ့်ရာသီ သွေးဆုံးချိန်ကို ကျန်းမာစွာကျော်ဖြတ်နိုင်အောင် ဆောင်းပါးထဲက အကြံပြုချက်လေး တွေအတိုင်း လိုက်နာကျင့်သုံးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေလားရှင်။

ဤဆောင်းပါးလေးကို SHARE ပြီး တခြားသူတွေဆီ မျှဝေပေးလိုက်ပါဦးနော်။