ကားမူးခြင်းပြဿနာကို ဘယ်လိုရှောင်လွှဲမလဲ

blank

ကျွန်မတို့ဟာ အင်နားရှားရဲ့ အကျိုးသက်ရောက်မှုကြောင့် ခရီးသွားတဲ့အခါမှာ ကားမူးပြီး အော့အန်တတ်ကြပါတယ်။ အထူးသဖြင့် တောင်ဆင်းတောင်တက်လမ်းတွေ၊ ကြမ်းတမ်းတဲ့လမ်းတွေပေါ် ခရီးသွားရတဲ့အချိန်တွေမှာ ကားမူးတဲ့ ဝေဒနာကို ပိုခံစားရတတ်ပါတယ်။ ဒါဟာ ကျွန်မတို့ခန္ဓာကိုယ်က ကားယိမ်းတဲ့အတိုင်း လိုက်ယိမ်းနေပြီး ခေါင်းကတော့ မလှုပ်မယှက်ရှိနေတာကြောင့် ကားမူးတတ်ခြင်းပဲ ဖြစ်ပါတယ်။

ခရီးသွားခါနီး ဗိုက်ထဲမှာ အစာလုံးဝမရှိခြင်း၊ ရေ သို့မဟုတ် ဖျော်ရည် တစ်ခုခုကို ဗိုက်ပြည့်တင်းအောင် လိုတာထက် ပိုသောက်ထားခြင်း၊ ဆားဓာတ်၊ အက်စစ်ဓာတ် လွန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံစားထားခြင်းစတာတွေဟာ ကျွန်မတို့ကို ကားမူးပြီးအော့အန်စေမယ့် အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ခရီးသွားတဲ့အခါမှာ ကားမမူးအောင် ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းကောင်းလေး တွေကို ဂန္ထဝင် စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်…

၁။ ဗိုက်ထဲမှာ အစာလုံးဝမရှိတဲ့အချိန် ခရီးမသွားပါနဲ့။ ရေနဲ့ပြုတ်ထားတဲ့အစားအစာတွေကို အဆာပြေစားသွားပါ။

၂။ ရေ သို့မဟုတ် ဖျော်ရည်တစ်ခုခုကို သင့်တင့်ရုံသောက်သွားပါ။

၃။ ခရီးမသွားခင် အိပ်ရေးဝဝအိပ်ပါ။

၎။ ခေါင်းမူးပျောက်ဆေးတစ်ခုခုကို သောက်ထားပါ။

၅။ လမ်းခရီးတစ်ထောက်နားတဲ့အချိန်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အဆာပြေ သရေစာတစ်ခုခုစားပါ။

၆။ သကြားလုံး သို့မဟုတ် ပူရှိန်းချိုချဉ် တွေဟာ အန်ချင်စိတ်ကို ပျောက်စေပါတယ်။

၇။ မကြာခဏ အသက်ပြင်းပြင်းရှူပေးပါ။

၈။ ခရီးသွားတဲ့အခါ လမ်းဘေးဝဲယာကို မကြည့်ဘဲ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ မဟန်နိုင်အောင် ခေါင်းမူးလာပြီဆိုရင်တော့ ခုံကိုအသာမှီပြီး မျက်လုံးမှိတ်ထားလိုက်ပါ။

၉။ အန်ချင်တဲ့အခါ အောင့်မထားဘဲ အန်ချလိုက်တာက ပိုပြီးသက်တောင့်သက်သာ ရှိစေပါတယ်။ အန်ပြီးတဲ့အခါ ရေအနည်းငယ်သောက်ပြီး သကြားလုံး ငုံထားလိုက်ပါ။

၁ဝ။ ဆိုးဆိုးဝါးဝါးကားမူးတတ်ရင်တော့ ခရီးမထွက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်ယူထားသင့်ပါတယ်။

သင့်အတွက်အသုံးဝင်ခဲ့ရင် သူငယ်ချင်းတွေအတွက်လည်း SHARE ပေးလိုက်ပါဦး။