အိမ်တွင်းပုန်းမယ့် ကိုကို၊မမများအတွက် သင်္ကြန်ကိုဖြတ်ကျော်နည်းများ။

blank

မြန်မာလူမျိုးတွေအထွဋ်အမြတ်ထားရာ သင်္ကြန်ပွဲတော်ဟာ အလုပ်တွေ၊ ရုံးတွေ ပိတ်နေတဲ့အချိန်ဖြစ်တဲ့အတွက် မိသားစုတွေအားလုံး အိမ်မှာဆုံနေတတ်ကြပါတယ်။ လူတိုင်းလိုလို အားလပ်နေကြတာကြောင့် လည်ကြပတ်ကြနဲ့ဆိုတော့ အထင်ကရနေရာတွေအားလုံးလိုလိုမှာ လူတွေတရုန်းရုန်းနဲ့ စည်ကားနေတာပေါ့။ လူစုလူဝေးရှိတဲ့နေရာတွေကို မသွားချင်ကြတဲ့ ပရိသတ်တွေအတွက်တော့ အိမ်မှာပဲ မိသားစုတွေနဲ့ ပျော်စရာကောင်းတဲ့အချိန်တွေ ဖန်တီးလို့ရအောင် နည်းလမ်းကောင်းလေးတွေကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။

၁။ အိမ်နီးချင်းတွေဆီ အလည်သွားပါ။

ကျွန်မတို့တွေဟာ နေ့စဉ်ဘဝတွေမှာ ကျင်လည်ရင်း အနီးအနားက လူတွေနဲ့စကားပြောဖို့တောင် မအားမလပ်ဖြစ်နေတတ်ကြပါတယ်။ အားလုံးအတွက် အလုပ်ပိတ်ရက်ဖြစ်နေတဲ့ သင်္ကြန်တွင်းမှာတော့ သင့်လိုပဲ ဘယ်မှမသွားဖြစ်တဲ့ အိမ်နီးချင်းတွေနဲ့ စကားစမြည်ပြောရင်း အချိန်တချို့ကုန်ဆုံးလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ မိသားစုနဲ့အချိန်ကုန်ဆုံးပါ။

ကျွန်မတို့တွေဟာ များပြားလှတဲ့လုပ်ငန်းတာဝန်တွေ၊ လူမှုရေးတွေအတွက် အချိန်ပေးရင်း မိသားစုအတွက်အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်တမ်းတော့ တစ်အိမ်တည်းအတူနေပြီး ကျွန်မတို့ရဲ့အချိန်တွေကို အနည်းဆုံးရနေကြတာက ကျွန်မတို့ရဲ့မိသားစုဝင်တွေပါ။ သင်္ကြန်အတွင်းမှာ မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းလိုက်မယ်ဆိုရင် ကျွန်မတို့သာမက မိသားစုဝင်တွေအားလုံးကလည်း ပျော်ရွှင်ကြမှာ ကျိန်းသေပါတယ်။

၃။ အိမ်သန့်ရှင်းရေးလုပ်ပါ။

နှစ်သစ်ကူးတော့မှာဖြစ်တဲ့အတွက် နှစ်တစ်နှစ်ကို စိတ်သစ်ကိုယ်သစ်နဲ့ ဖြတ်ကျော်ဖို့စဉ်းစားထားတယ်ဆိုရင် အိမ်ရှင်းတာနဲ့သာ အစပြုလိုက်ပါ။ မိသားစုဝင်တွေနဲ့အတူ အိမ်အတူရှင်းရင်း ပျော်ရွှင်စရာအချိန်တချို့ကို ကုန်ဆုံးစေနိုင်သလို အားလပ်ရက်တွေကလည်း အကျိုးရှိစေမှာပါ။ နှစ်ဟောင်းကအညစ်အကြေးတွေလည်း နှစ်သစ်ကို ပါမလာတော့ဘူးပေါ့။

၎။ အိပ်ရေးဝဝအိပ်ပါ။

ဒီနည်းလမ်းလေးကတော့ ကျွန်မတို့အားလုံးရဲ့ အကြိုက်ဆုံးနည်းလမ်းလေးဖြစ်မယ်ထင်ပါတယ်။ စာအုပ်ကောင်းကောင်းလေးတစ်အုပ်ကို ဇိမ်ဆွဲဖတ်ရင်း၊ သင်္ကြန်သီချင်းငြိမ့်ငြိမ့်လေးဖွင့်ရင်း အိပ်ယာလေးမှာ နှပ်နေလိုက်ပါ။ လုပ်စရာအလုပ်လည်းမရှိဘူးဆိုတော့ သင်အိပ်ပျော်သွားရင်လည်း ကိစ္စမရှိပါဘူး။

၅။ ကိုယ်ကြိုက်နှစ်သက်တဲ့ စားစရာတွေကို ချက်ပြုတ်စားသောက်ပါ။

ကိုယ်ကြိုက်တတ်တဲ့မုန့်တွေကို တစ်နေ့တစ်မျိုးမရိုးအောင် ချက်ပြုတ်စားသောက်ရင်း သင်္ကြန်ကာလကို ပျော်ပျော်ပါးပါးဖြတ်သန်းလိုက်ပါ။ အားလပ်ရက်လည်းပြီး သင်လည်းအားပြည့်ကျန်းမာဆိုတော့ သိပ်ကိုဟန်ကျတဲ့ နည်းလမ်းလေးပါ။

ပရိသတ်ကြီးရေ… ဒီသင်္ကြန်မှာ လည်ဖို့လည်းစီစဉ်မထားဘူး၊ ခရီးထွက်ဖို့လည်းစိတ်မဝင်စားဘူးဆိုရင် အထက်ပါနည်းလမ်းလေးတွေကို လုပ်ကြည့်လိုက်ပါလား။ သင့်ဆီမှာထူးခြားကောင်းမွန်တဲ့ အစီအစဉ်တွေရှိတယ်ဆိုရင်လည်း comment box မှာမျှဝေခဲ့ပါဦး။