ရင်သားကင်ဆာဖြစ်နိုင်ချေများတဲ့သူတွေထဲ သင်ပါဝင်နေပြီလား…။

blank

ဂန္ထဝင်ပရိသတ်ကြီးရေ… ကျွန်မတို့မိန်းမသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ရောဂါတွေထဲမှာ ရင်သားကင်ဆာက ထိပ်ဆုံးမှာပါဝင်နေပါတယ်။ ဒီတစ်ပတ်မှာတော့ ဘယ်လိုအမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပိုဖြစ်နိုင်တာလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ အသက် ၅၅ နှစ်ကျော်သူ။

၂။ ရင်သားကင်ဆာမျိုးရိုးရှိသူ။

၃။ ရင်သားတစ်ဝိုက်မှာရှိတဲ့ တစ်ရှူးတွေ သိပ်သည်းမှုများသူ။

၎။ ရင်ခေါင်းပိုင်းကို ဓာတ်ရောင်ခြည်ကုသမှုခံယူဖူးသူ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

၅။ အပျိုဖော်ဝင်ချိန်စောလွန်းသူနဲ့ သွေးဆုံးချိန်နောက်ကျလွန်းသူ။

၆။ ကိုယ်ဝန်မဆောင်ဖူးသူ၊ အသက် ၃ဝကျော်မှ ပထမဆုံးကိုယ်ဝန်ဆောင်သူ။

၇။ ပဋိသန္ဓေတားဆေးကို နှစ်ရှည်လများ မှီဝဲဖူးသူ။

၈။ ကိုယ်ဝန်ထိန်းဆေး သောက်ဖူးတဲ့သူ။

၉။ နို့ချိုမတိုက်ကျွေးဖူးသူ။

၁ဝ။ အဝလွန်သူနဲ့ ကိုယ်အလေးချိန်အလွန်အမင်းလျှော့ချထားသူ။

၁၁။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သူ။

၁၂။ အရက်၊ ဘီယာသောက်လွန်းသူ။

ရင်သားကင်ဆာဟာ ဒီလိုလူတွေမှာ အဖြစ်များတတ်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုထိရောက်တာကြောင့် အထက်မှာ ဖော်ပြပေးထားတဲ့ အချက်လေးတွေကိုဖတ်ကြည့်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး ပျော်ရွှင်ကျန်းမာစွာ နေထိုင်ရအောင်လားရှင်။

ကျန်းမာရေးဗဟုသုတလေးတွေကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါနော်။