သင့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ ဘယ်လိုကုန်ဆုံးသွားလည်း သိစေဖို့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့မေးခွန်းများ

blank

တစ်ခါတစ်လေမှာ လုပ်စရာရှိတဲ့အလုပ်တွေကို ကြိုးစားလုပ်ဆောင်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးသွားသလို ခံစားရတတ်ပါတယ်။ သင့်အချိန်တွေ ဘယ်ရောက်သွားမှန်း၊ ဘယ်လိုကုန်ဆုံးသွားမှန်းမသိရင် ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေးတွေ ပြန်မေးကြည့်ပါ။

၁။ ငါအမှားတွေကို ထပ်ခါထပ်ခါ လုပ်နေသလား ဒါမှမဟုတ် အမှားတွေကနေ သင်ခန်းစာယူနေလား။

၂။ ငါ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ရင်းနှီးမြှုပ်နှံခဲ့သလား။ ဖြုန်းပစ်ခဲ့သလား။

၃။ ငါလုပ်ရမယ့်အလုပ်တွေကို စိတ်ရှုပ်ခံစဉ်းစားရင်း အချိန်ကုန်ခဲ့သလား။ အဲဒီ့အလုပ်တွေကို လုပ်ရင်း အချိန်ကုန်ခဲ့သလား။

၎။ ငါလုပ်သင့်တဲ့အရာတွေကို ဦးစားပေးခဲ့တာလား။ ငါလုပ်ချင်တဲ့ အရာတွေကို ဦးစားပေးခဲ့တာလား။

၅။ ပြဿနာသေးသေးလေးတွေကို မဖြေရှင်းဘဲ ပြဿနာ ပိုကြီးလာမှ အလောတကြီး ဖြေရှင်းတတ်လား။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အလုပ်အတွက် အချိန်ပိုရမလားဆိုပြီး အိပ်ရေးပျက်ခံတယ်။ အိပ်ရေးပျက်ပြီး ပင်ပန်းတော့ အချိန်ပိုကုန်သွားတယ်။ ငါအဲဒီ့လို ဖြစ်ဖူးလား။

၇။ ကိုယ့်အချိန်တွေ ကုန်ဆုံးသွားတာနဲ့ ပတ်သတ်ပြီး သတိပြုမိခဲ့သလား။

၈။ ခေါ်လို့မရတဲ့ ဖုန်းတစ်ခုကို သုံးကြိမ်ထပ်ပိုပြီး ခေါ်ခဲ့ဖူးသလား။

၉။ ငါက တိကျပြတ်သားတဲ့သူလား။ တွေဝေနေတတ်တဲ့သူလား။

၁ဝ။ တစ်နေ့စာအလုပ်တွေကို အစီအစဉ်တကျ လုပ်တတ်သလား။ အရေးကြီးတာကို အရင်လုပ်တတ်သလား။

၁၁။ ဆွေးနွေးရမယ့် ကိစ္စမရှိတဲ့အခါ အစည်းအဝေးကို ဖျက်သိမ်းသလား။ ဒါမှမဟုတ် အချိန်ဇယားအတိုင်း အစည်းအဝေးကို လုပ်ဖြစ်အောင် လုပ်သလား။

၁၂။ ငါမပြောင်းလဲနိုင်တဲ့ ကိစ္စတစ်ခုကြောင့် စိတ်ဖိစီးခဲ့တာတွေ ရှိဖူးသလား။

အထက်ပါမေးခွန်းလေးတွေကို အရိုးသားဆုံး ဖြေကြည့်လိုက်ပါ။ သင်ဖြုန်းတီးခဲ့တဲ့အချိန်တွေကို အာရုံထဲမှာ တရေးရေး မြင်ယောင်လာပါလိမ့်မယ်။ ဒီလိုအချိန်ဖြုန်းမိခဲ့တဲ့အမှားတွေကို သင်ခန်းစာယူပြီး ရှေ့လျှောက် သင့်အချိန်တွေကို အကောင်းဆုံး အသုံးချလိုက်ပါ။

သင့်ဆီမှာ ပိုကောင်းတဲ့ မေးခွန်းလေးတွေ ရှိသေးရင် Comment Box ကနေတဆင့်ဝေမျှခဲ့ပါနော်။