ဂျက်မာ (Jack Ma) ပြောတဲ့ အောင်မြင်ဖို့အခက်ခဲဆုံးသူတွေဆိုတာ…

blank

အောက်ခြေသုညဘဝကနေ ကြိုးစားရုံးကန်ရင်း အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့တဲ့ တရုတ်နိုင်ငံက အကြီးမားဆုံး e-commerce platform Alibaba Group ကို တည်ထောင်ခဲ့သူ ဂျက်မာ (Jack Ma) ကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့ အများစုသိကြမှာပါ။ သူရဲ့ဘဝအောင်မြင်ဖို့ ကြိုးစားအားထုတ်မှုတွေက အတုယူအားကျဖွယ်ကောင်းသလို သူပြောခဲ့တဲ့ စကားတွေဟာလည်း လေးစားလိုက်နာဖွယ်ကောင်းလှပါတယ်။

“ဖြစ်မြောက်အောင် ကူညီပေးဖို့ အခက်ခဲဆုံးလူတွေက ဆင်းရဲတဲ့သူတွေပဲဗျ။ သူတို့ကို ပိုက်ဆံအလကားပေးလိုက်ရင် အဲ့ဒါထောင်ချောက်တစ်ခုလို့ ထင်ကြတယ်။ ငွေနည်းနည်းလောက် ရင်းနှီးဖို့ပြောလိုက်ရင် အလုပ်မဖြစ်နိုင်ဘူးလို့ ငြင်းကြတယ်။ များများမြှုပ်နှံဖို့ ပြောတော့လည်း ငွေကြေးမရှိဘူးလို့ ပြောကြတယ်။ လုပ်ငန်းအသစ်တွေ စမ်းကြည့်ဖို့ပြောရင် အတွေ့အကြုံမရှိဘူးပြောကြတယ်။ မိရိုးဖလာအလုပ်ကိုလုပ်ဖို့ပြောတော့လည်း အလုပ်တွေက ခက်ခဲတယ်ဆိုပြီး ငြင်းကြတယ်။ စီးပွားရေးပုံစံအသစ်ခုပြောပြတော့လည်း MLM (multi-level marketing) ဆိုပြီး စိတ်မဝင်စားကြဘူး။ ဆိုင်တစ်ခုခုဖွင့်ဖို့ အကြံပေးမိရင် အလုပ်က လွတ်လပ်မှုမရှိဘူးပြောကြတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုခု စတင်ဖို့ ပြောလိုက်ရင် မကျွမ်းကျင်လို့ မလုပ်ချင်ဘူးပြောကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

သူတို့မှာ တူညီတဲ့ အကျင့်တွေရှိကြတယ်ဗျ။ တစ်ခုခုသိချင်ရင် Google မှာမေးကြတယ်။ သူတို့လိုပဲ မျှော်လင့်ချက်မဲ့နေတဲ့ သူငယ်ချင်းတွေဆီက အကြံဉာဏ်တောင်းချင်ကြတယ်။ တက္ကသိုလ်ပါမောက္ခထက် ပိုစဉ်းစားကြပြီး မျက်မမြင်တစ်ယောက်လောက်တောင် လက်တွေ့မှာ ဘာမှမလုပ်ကြဘူးဗျ။ သူတို့ကို ခင်ဗျားဘာလုပ်နိုင်လဲမေးကြည့်၊ သူတို့ဘာမှ ဖြေနိုင်မှာမဟုတ်ဘူး။

ကျွန်တော့်အမြင်နဲ့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ခင်ဗျားတို့နှလုံးခုန်သံထက် ပိုမြန်တဲ့ လုပ်ဆောင်မှုတွေ ဘာလို့မလုပ်နိုင်ရမှာလဲ။ အကြောင်းအရာတစ်ခုကို ထိုင်စဉ်းစားနေမယ့်အစား လက်တွေ့မှာ ဘာလို့အကောင်အတည်မဖော်နိုင်ရမှာလဲ။ ဆင်းရဲတဲ့သူတွေ ဘာလို့မအောင်မြင်ကြတာလဲသိလား။ အကြောင်းရင်းက တစ်ခုပဲရှိတယ်။ သူတို့ဘဝတစ်ခုလုံးက ဒါပြီးရင်လုပ်မယ်၊ ဟိုဟာပြီးရင်လုပ်မယ်ဆိုတဲ့ စောင့်ဆိုင်းခြင်းတွေနဲ့ ပြည့်နှက်နေလို့ပါပဲ။” – ဂျက်မာ (Jack Ma)

“ကျွန်တော်တို့မှာ ငွေကြေးပြတ်လပ်တယ်ဆိုတာ မရှိဘူးဗျ။
စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
သေလုမျောပါး ကြိုးစားချင်ကြတဲ့သူတွေ ပြတ်လပ်နေတာ။” – ဂျက်မာ (Jack Ma)

ဘယ်လောက်တောင် သင်ခန်းစာရဖို့ ကောင်းလိုက်ပါသလဲရှင်။ ကျွန်မတို့ဘဝတွေဆီကို အောင်မြင်ချမ်းသာမှုက သူ့အလိုလိုရောက်မလာနိုင်ပါဘူး။ ကျွန်မတို့ကိုယ်တိုင် တစိုက်မတ်မတ်ကြိုးစားပြီး ရယူနိုင်မှရမှာပါ။ ဂန္ထဝင်ပရိသတ်ကြီးလည်း အောင်မြင်မှုကို ဖမ်းကိုင်နိုင်ပြီး ချမ်းသာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။