ရယ်ရခက်ခက်၊ငိုရခက်သော မိန်းကလေးများ၏ အမူအကျင့်များ

blank

ကျွန်မတို့မိန်းမသားတွေဟာ “လူဆိုတာတစ်ဦးတစ်ယောက်တည်းနေထိုင်လို့မရ” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားသူတွေပေါ့။

အမြဲတမ်းတစ်ယောက်ယောက်နဲ့ စကားပြောနေလိုက်ရမှ။ လူချင်းမတွေ့ရင်တောင် သတင်းထူးရှိလျှင် တကူးတကဖုန်းဆက်ပြီး အချင်းချင်း လက်တို့အတင်းတုပ်တတ်သည်။

အင်တာနက်ပေါ်လာတာ တခြားလူတွေအတွက်တော့မသိ ကျွန်မတို့မိန်းကလေးတွေအတွက် တော်တော်အကျိုးရှိသည်။ ချစ်သူကို တစ်နေ့တာလုံး အွန်လိုင်းပေါ်ကနေ ဗျစ်တောက်ဗျစ်တောက်လုပ်တာအားမရ၊ အိပ်ခါနီးဖုန်းကဆက်သေးသည်။

ပါးစပ်ကပြောလို့မဖြစ်တဲ့အခြေအနေတွေမှာ chatting လုပ်ပြီးပြောတတ်သေးသည်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘာမှလုပ်လို့မရတဲ့အခြေအနေတွေမှာ ကိုယ့်စိတ်နဲ့ကိုယ်စကားတွေပြောရင်း ရန်ဖြစ်နေလိုက်သည်။

ယောက်ျားလေးတွေက မိန်းကလေးတွေကို သမင်လည်ပြန်ငေးတတ်ပေမယ့် မိန်းကလေးများသည် ယောက်ျားလေးချောချောများထက် အင်္ကျီလှလှလေးတွေကို ငေးချင်ကြလေသည်။

အတူနေညီအစ်မများ တကျက်ကျက်ရန်ဖြစ်တတ်သော်လည်း ခွဲမရအောင် တတွဲတွဲဖြစ်နေသောအချိန်သည် အဝတ်အစားဝယ်သည့်အချိန်ဖြစ်သည်။

ဘီရိုအပြည့်အင်္ကျီပုံကြီးရှေ့မှာ ယောင်ချာချာနဲ့ ဝတ်စရာမရှိဖြစ်နေတတ်တာသည် ကျွန်မတို့မိန်းကလေးများ၏သနားစရာကောင်းသောအချက်ဖြစ်သည်။

ကျွန်မတို့မိန်းကလေးတွေအသန့်ကြိုက်ပုံမှာ ပြိုင်စံရှားဖြစ်သည်။ ဆေးကြောထားသောဇွန်းကို တစ်ရှူးနှင့်ထပ်သုတ်ပြီးမှ အသုံးပြုတတ်သည်။ သို့သော်အချဉ်ပေါင်းစားခါနီးဆိုရင် စားချင်ဇောနဲ့ လက်ဆေးဖို့တောင်သတိမရတတ်ပါ။

မွှေးပျံ့ကြိုင်လှိုင်နေသော မိတ်ကပ်တွေ ပြင်ပြီးသကာလ မျက်တောင်မွှေးတွင်တင်နေသော မိတ်ကပ်မှုန်များကိုတော့ တံတွေးနှင့်ဖယ်ရှားတတ်လေသည်။

မိန်းကလေးတစ်ယောက်ဘာမှမဖြစ်ပါဘူး၊ ရပါတယ်လို့ပြောလျှင် ကြီးမားသောကိစ္စတစ်စုံတစ်ရာရှိနေပြီမို့ သင့်အနေနှင့်သတိထားဖို့လိုနေပါပြီ။

ဒီစာကိုဖတ်ရင်း ကိုယ်နဲ့ကိုက်ညီတဲ့အချက်လေးတွေကို စဉ်းစားနေပြီမလား။ ပရိသတ်ကြီးရေ… သင့်နဲ့အမူအကျင့်တူတဲ့သူငယ်ချင်းတွေကိုလည်း mention ခေါ်ပေးပါဦး။