လူတိုင်းက အမှားနဲ့မကင်းပါဘူး၊ အမှားကြီးနဲ့ အမှားသေး ခွဲခြားတတ်ဖို့ပဲ လိုတာပါ

blank

ကလေးတစ်သိုက်ဟာ ရထားလမ်းနှစ်ခုအနီးမှာ ဆော့နေကြပါတယ်။ ရထားလမ်းနှစ်ခုမှာ တစ်ခုဟာ သုံးလက်စရထားလမ်းဖြစ်ပြီး နောက်တစ်လမ်းကတော့ မသုံးဘဲ ပစ်ထားတဲ့ လမ်းဖြစ်ပါတယ်။

ကလေးတစ်သိုက်ထဲက တစ်ယောက်သော ကလေးလေးကတော့ မသုံးတော့တဲ့ ရထားလမ်းပေါ်မှာ ကစားနေပြီး ကျန်ကလေးတွေကတော့ အသုံးပြုနေဆဲ၊ အချိန်မရွေး ရထားဖြတ်နိုင်တဲ့ ရထားလမ်းမှာ ကစားနေခဲ့ကြပါတယ်။

ထိုအချိန်မှာ ရထားတစ်စီးခရီးသည်အပြည့်နဲ့ ခုတ်မောင်းလာတယ်။ သင်က ထိုရထားလမ်းနှစ်ခုရဲ့ လမ်းလွှဲနေရာမှာ ရပ်နေတယ်။ ကဲ… သင်ဘာလုပ်မလဲ စာဖတ်ပရိသတ်ကြီးရေ။

သွားနေကျလမ်းအတိုင်း ရထားကိုသွားခိုင်းလိုက်ပြီး ကလေးငယ်အများကြီးရဲ့ အသက်ကို ဆုံးရှုံးခံမလား။

ဒါမှမဟုတ် လမ်းဟောင်းအတိုင်း လမ်းလွှဲပေးလိုက်ပြီး ကလေးတစ်ယောက်ရဲ့ အသက်ကိုပဲ စတေးမလား။

ဟုတ်ကဲ့ပါ။ တော်တော်များများကတော့ လမ်းဟောင်းအတိုင်း လွှတ်လိုက်ပြီး ကလေးတစ်ယောက်ကိုပဲ အဆုံးရှုံးခံမယ်လို့ တွေးကြပါလိမ့်မယ်။

ကဲ… ကျွန်မတို့ နည်းနည်း စဉ်းစားကြည့်ရအောင်။ အသုံးပြုနေတဲ့ လမ်းမှာဆော့နေတဲ့ ကလေးတစ်သိုက်က သူတို့မှာ အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ ဆော့နေကြတယ်။ တစ်ယောက်တည်းသော ကလေးလေးက အန္တရာယ်ကို ကြိုသိလို့ လုံခြုံတဲ့ လမ်းဟောင်းမှာ ဆော့တယ်။ ဒီတော့ ဘယ်ကလေးမှာ အပြစ်ရှိသလဲ။

နောက်တစ်ချက်က ရထားလမ်းတစ်ခုကို နှစ်ရှည်လများ အသုံးမပြုတော့ဘဲ ဘာလို့ ပစ်ထားရသလဲ။ သေချာတယ်။ ဒီလမ်းဟောင်းမှာ ချို့ယွင်းချက် ဒါမှမဟုတ် ရထားမှောက်စေနိုင်တဲ့ အန္တရာယ်ရှိနေလို့ပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အကယ်၍ သင်သာ ကလေးတွေကိုပဲကြည့်ပြီး ရထားကို လမ်းဟောင်းက လွှတ်လိုက်မယ်ဆိုရင် ရထားပေါ်ပါလာတဲ့ ခရီးသည်တွေအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ မစူးစမ်းဘဲ ကလေးတွေအပေါ် ကယ်တင်လိုစိတ်က စေတနာကနေ ဝေဒနာဖြစ်သွားနိုင်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင်မှန်တယ်ထင်ပြီး လုပ်လိုက်တဲ့ လုပ်ရပ်တွေက အမြဲတမ်းမမှန်နိုင်သလို၊ အမြဲတမ်းမှန်နေတဲ့ လုပ်ရပ်ဆိုတာလည်း မရှိပါဘူး။ သိသိကြီးနဲ့ မှားတဲ့ အမှားရှိသလို၊ မမှားမဖြစ်လို့ မှားလိုက်ရတဲ့ အမှားတွေလည်း ဒုနဲ့ဒေးပါ။ လူတိုင်းဟာလည်း အမှားနဲ့ မကင်းကြပါဘူး။ ဒါ့ကြောင့် ခဲတံတွေရဲ့ ထိပ်မှာ ခဲဖျက်လေးတွေ တပ်ပေးထားတာပေါ့။

ထို့အတူပဲ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် နောက်လိုက်တွေပြောသမျှ၊ သူတို့စိတ်တိုင်းကျ လိုက်လုပ်ပေးနေဖို့မလိုပါဘူး။ သူတို့ဘဝအတွက် လမ်းပြကောင်း၊ မီးပြတိုက်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်ဖို့သာ လိုပါတယ်။

ကဲ…ပရိသတ်ကြီးရေ သင်သာ ရထားမောင်းနှင်သူဆိုရင် သင့်ရဲ့ ဆုံးဖြတ်ချက်နောက်မှာ လူဘယ်နှယောက်စတေးရမလဲ။ လူဘယ်နှယောက်ကို ဘယ်လို ကယ်တင်မလဲဆိုတာ စဉ်းစားပြီး Comment Box မှာ မျှဝေပေးခဲ့ပါဦးနော်။