စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုက်နာသင့်သည့် နီတိများ

blank

ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကို ထူးချွန်အောင် နေ့စဉ်နေ့တိုင်း ကြိုးစားနေကြရပါတယ်။ အသင်းအဖွဲ့တစ်ခု၊ အမြင်မတူတဲ့ လူတစ်စုကို ဦးဆောင်ဖို့ဆိုတာ အာဏာရှိရုံသက်သက်နဲ့ မရပါဘူး။ သူတို့ကိုယ်စား ပြဿနာတွေ ရင်ဆိုင်ဖြေရှင်းပေးရမယ်၊ သူတို့လေးစားလောက်တဲ့ စိတ်သဘောထားရှိရမယ်။ သင့်အရှိန်အဝါ၊ ဂုဏ်သတင်းကျော်စောမှုတွေ ကြီးမားလာတာနဲ့အမျှ သင့်ခေါင်းဆောင်မှုနောက်ကို လူတွေ လိုက်လာကြလိမ့်မယ်။ ဒီလိုအရှိန်အစော်ကြီးတဲ့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အမှားတွေကနေ သင်ခန်းစာရနိုင်တာမို့ အမှားဖြစ်သွားမှာမကြောက်ဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ပါ။

၂။ အမှားတစ်ခုကို နှစ်ခါမလုပ်မိအောင် သတိထားပါ။

၃။ သူတစ်ပါးဆီက အကြံဉာဏ်တောင်းပါ။

၎။ သင့်ရဲ့အကြောက်တရားတွေကို အားကိုးရတဲ့ လူရင်းတွေကို ပြောပြပါ။

၅။ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံနေထိုင်ပါ။

၆။ အလုပ်ကို နေ့တိုင်း တက်တက်ကြွကြွ လုပ်ပါ။

၇။ အချိန်ကို လေးစားပါ။

၈။ အကြောက်တရားတွေကို တတ်နိုင်သလောက် ဖယ်ရှားပါ။

၉။ လူတိုင်းကို လေးလေးစားစား ဆက်ဆံပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၀။ နေ့စဉ်အသုံးစရိတ်တွေကို သေချာ တွက်ချက်စီစစ်ပါ။

၁၁။ သင့်စိတ်ကိုသင် သေချာနားလည်နိုင်အောင် ကြိုးစားပါ။

၁၂။ အခြားသူတွေရဲ့ အကြံပေးစကားတွေကို နားထောင်ပါ။

၁၃။ စကားကို ချိုသာစွာပြောပါ။

၁၄။ ဘယ်အလုပ်ကိုမဆို ရည်ရွယ်ချက်ထားရှိပါ။

၁၅။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးပါ။

၁၆။ ဘယ်အရာကို လုပ်လုပ် တွန့်ဆုတ်မနေဘဲ ရှေ့ဆက်ကြိုးစားပါ။

၁၇။ လူတွေကို မှတ်မိနေအောင် ကြိုးစားပါ။

၁၈။ ရင်းနှီးမှုတွေ တိုးလာအောင် ဟာသဉာဏ်ရွှင်ရွှင်နဲ့ ကျီစယ်နောက်ပြောင်ပါ။

၁၉။ အလုပ်နှစ်မျိုး၊ သုံးမျိုးကို တစ်ပြိုင်နက်လုပ်တတ်တဲ့ အကျင့်ရှိပါ။

၂ဝ။ အသစ်အဆန်းတွေကို အမြဲ သင်ယူလေ့လာပါ။

၂၁။ အလုပ်ကို အချိန်မီပြီးရမယ်ဆိုတဲ့ သတ်မှတ်ချက်ထားပြီး ကြိုးစားပါ။

၂၂။ အောင်နိုင်သူတစ်ယောက်လို စဉ်းစားတွေးခေါ်ပါ။

၂၃။ ကိုယ့်ကိုယ်ကို လိုအပ်သလောက်ပဲ ယုံကြည်ချက်ထားပါ။

၂၄။ မိတ်သင်္ဂဟပေါများခြင်းဟာ အကျိုးရှိတာကြောင့် ရောက်လေရာမှာ မိတ်ဆွေဖွဲ့ပါ။

၂၅။ ဘယ်သူ့ကိုမှ သင့်ရန်သူလို့ သဘောမထားပါနဲ့။ ကိုယ့်ဘဝအောင်မြင်ဖို့သာ ကြိုးစားပါ။

၂၆။ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ လုပ်ဆောင်မှု ကောင်းရင်ကောင်းသလို ချီးမွမ်းပါ။ မှတ်ချက်ပေးပါ။

၂၇။ တစ်ခါမှားဖူးတဲ့သူကို အမှားတွေသိပြီး အမှန်ပြင်နိုင်အောင် ဒုတိယအခွင့်အရေးပေးလိုက်ပါ။

၂၈။ အရာရာတိုင်းကို မျှဝေခံစားပါ။

၂၉။ အခွင့်အရေး ပေးသင့်သလောက်ပေးသလို တင်းတင်းမာမာ ဆက်ဆံသင့်ရင် ဆက်ဆံပါ။

၃ဝ။ အလုပ်ကိစ္စတိုင်းကို အစီအစဉ် ဆွဲပြီးမှ လုပ်ပါ။

၃၁။ တာဝန်သိစိတ် အမြဲထားပါ။

၃၂။ သင့်ရဲ့ အခွင့်အရေးတွေကို နားလည်ထားပါ။

၃၃။ လူတိုင်းကို တစ်ဖက်သတ်ဝေဖန်ပြီး ကောက်ချက်ချတာမျိုး ရှောင်ကြဉ်ပါ။

၃၄။ ကိုယ့်ချို့ယွင်းချက်၊ ကိုယ့်အမှားတွေကို ကိုယ်တိုင်ဝေဖန် သုံးသပ်ပါ။

၃၅။ သင့်ရဲ့ ဂုဏ်သိက္ခာကို သင်ကိုယ်တိုင် ထိန်းသိမ်းပါ။

၃၆။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားသိတတ်ပါစေ။

၃၇။ ဘယ်အလုပ်ကိုမဆို အချိန်ယူစဉ်းစားပြီးမှ လုပ်ပါ။

၃၈။ စိတ်ကြည်လင်လန်းဆန်းဖို့ အိပ်ရေးဝဝအိပ်ပါ။

၃၉။ လုံလောက်တဲ့ အနားယူချိန်တစ်ခု သတ်မှတ်ပါ။

၎ဝ။ ငြင်းခုံရန်ဖြစ်တာတွေကို ရှောင်ကြဉ်ပါ။

၄၁။ အလုပ်ချည်း လုပ်မနေဘဲ တစ်ခါတစ်လေ စိတ်ပျော်စေမယ့်အလုပ်လေးတွေကို ချစ်ရသူတွေနဲ့ အတူတူလုပ်လိုက်ပါ။

၄၂။ လူတိုင်းကို ပျော်ရွှင်စွာ ကူညီပေးပါ။

၄၃။ လူမှုဆက်ဆံရေးမှာ ဖြစ်ပျက်နေတဲ့ သဘောတရားလေးတွေကို ယုံကြည်ပါ။

၄၄။ သင့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အထောက်အကူပြုတာကြောင့် ပြဿနာကို စိတ်ဝင်စားစွာ ဖြေရှင်းပါ။

၄၅။ တောင်းပန်သင့်တဲ့ ကိစ္စဆို တောင်းပန်လိုက်ပါ။

၄၆။ ပိုမိုကောင်းမွန်တဲ့ ဘဝရစေဖို့ မကောင်းတဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်ပါ။

၄၇။ ကျန်းမာရေးလိုက်စားပါ။

၄၈။ နေ့စဉ်နေ့တိုင်း စာဖတ်ပါ။

၄၉။ သင့်ကို ကောင်းကျိုးဖြစ်စေတဲ့သူတွေကို ကျေးဇူးတင်ပါ။

၅ဝ။ တစ်နေရာတည်းမှာ ရပ်တန့်မနေဘဲ ရှေ့ဆက်လျှောက်လှမ်းပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ… အထက်ပါ အချက်လေးတွေကို ဖတ်ကြည့်ဖို့က လွယ်ပေမယ့် လိုက်နာဖို့ကတော့ ခက်ခဲပါတယ်။ အကောင်းဆုံးကြိုးစားပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်လိုက်ပါ။ မကြာခင် သင့်ရဲ့ အောင်မြင်မှုဇာတ်လမ်းကို သင်ကိုယ်တိုင်ရေးဖွဲ့နိုင်မှာပါ။

သင့်အတွက် ဗဟုသုတ ရလိုက်တယ်ဆိုရင် SHARE ဖို့မမေ့ပါနဲ့နော်။