လူသစ်စိတ်သစ်နဲ့ ပျော်ရွှင်ဖို့ ဒီအကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်ပါ

blank

နှစ်တစ်နှစ်ရဲ့ ကနဦးအစအချိန်တွေက ကျွန်မတို့ဘဝကို ပိုမိုကောင်းမွန်အောင် ကိုယ်တိုင်ပြုပြင်ဖို့ အကောင်းဆုံးအချိန်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ ရှောင်ကြဉ်ရမယ့်၊ ထပ်မလုပ်သင့်တဲ့ အကျင့်ဆိုးတွေကို သေချာရွေးချယ်ပြီး ဘဝတက်လမ်းအတွက် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်သစ်ရဲ့ ဘဝသစ်ကို အောက်မှာ ဖော်ပြထားတဲ့ နှစ်ဟောင်းကအကျင့်ဟောင်းတွေ ယူဆောင်မသွားဘဲ ချန်ထားခဲ့ရအောင်နော်။

၁။ အတိတ်ရဲ့ အမှားတွေကိုပဲ ပြန်တမ်းတ ပူဆွေးတတ်တဲ့ အကျင့်။

၂။ မကောင်းတဲ့ဆက်ဆံရေးတွေကို လိုက်လျောပြီး ဆက်လက်လက်ခံထားတတ်တဲ့ အကျင့်။

၃။ ဆင်ခြေပေးတတ်တဲ့ အကျင့်။

၎။ လူတွေကြား ဝင်မဆံ့နိုင်တဲ့ အကျင့်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ကိုယ့်ကိုယ်ကို မညှာတာတတ်တဲ့ အကျင့်။

၆။ အလုပ်အကြွေးတွေ စုပုံထားတတ်တဲ့ အကျင့်။

၇။ အိပ်ယာကို သန့်ရှင်းစွာမထားတတ်တဲ့ အကျင့်။

၈။ ကြောက်စိတ်မွေးတတ်တဲ့ အကျင့်။

၉။ အသုံးမဝင်တော့တဲ့ ပစ္စည်းဟောင်းတွေကို သိမ်းထားတတ်တဲ့ အကျင့်။

ဒီအကျင့်တွေကို စွန့်လွှတ်ပစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီအကျင့်တွေက သင့်ဘဝကို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်အောင် တဖြည်းဖြည်း လုပ်လာပါလိမ့်မယ်။ သင်နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ပျော်ရွှင်စေချင်တယ်ဆိုရင်တော့ သင့်စိတ်ဓာတ်ကို အဆိပ်ခတ်မယ့် အကျင့်ဆိုးတွေကို စွန့်လွှတ်လိုက်ပါ။ ဂန္ထဝင်ပရိသတ်ကြီး ၂ဝ၁၈ တစ်နှစ်ပတ်လည်လုံးမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

သင့်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ခံစားရမယ်ဆိုရင် သူငယ်ချင်းတွေအတွက်ပါ SHARE ပေးလိုက်ပါ။