၂ဝ၁၇ ရဲ့ မသေချာမရေရာမှုတွေကို မောင်းထုတ်ပြီး အနှစ်သာရအပြည့်နဲ့ဘဝကို ဖြတ်သန်းရအောင်

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ

နှစ်ဟောင်းကုန် ပြီးတော့ နှစ်သစ်ကူး ရောက်လာပြီနော်။ အရင်နှစ်ကလို မသေချာမရေရာမှုတွေနဲ့ ဘဝကြီးကို ဖြတ်သန်းနေကြတုန်းပဲလား။ အချိန်ဆိုတာ အစားပြန်မရတာကြောင့် အချိန်ရှိတုန်းလေး သေချာရေရာတဲ့ဘဝကြီးကို အနှစ်သာရအပြည့်နဲ့ ဖြတ်သန်းလိုက်ရအောင်နော်။

အောက်မှာဖော်ပြပေးထားတာကတော့ ဘဝရဲ့ မသေချာမရေရာမှုတွေကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ တစ်ခုခုကို ပြောင်းလဲနိုင်တယ်ဆိုရင် ချက်ချင်းပြောင်းလဲပစ်လိုက်ပါ။ မပြောင်းလဲနိုင်ဘူးဆိုရင် ဆန့်ကျင်မနေတော့ဘဲ တစ်သားတည်းဖြစ်အောင် ကြိုးစားလိုက်ပါ။

၂။ ဘဝဆိုတာ တိကျတဲ့အဖြေမရှိဘူး။ အခွင့်အရေးရတုန်း စွန့်စားလိုက်ပါ။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် လက်ရှိအခြေအနေကို အကောင်းဆုံးကြိုးစားလိုက်ပါ။

၃။ သင့်ရဲ့ အကောင်းဆုံးသူငယ်ချင်းဆိုတာ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ မှားခဲ့သမျှ အမှားတွေ၊ ကြုံခဲ့ရသမျှ အဖြစ်တွေကို ရင်ဖွင့်ပြီး အပြစ်တင်လို့ရတာ ကိုယ့်ကိုယ်ကိုပဲရှိပါတယ်။ သင့်အချစ်တွေနဲ့၊ ကြင်နာယုယမှုတွေနဲ့ အထိုက်တန်ဆုံးကလည်း သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

၎။ ဘယ်ကစရမှန်း၊ ဘာတွေဖြစ်လာမယ်မှန်းမသိဘူးဆိုရင်တောင် နေ့သစ်တိုင်းမှာ ခြေလှမ်းအသစ်တစ်ခု စတင်လိုက်ပါ ။ ရပ်မြဲအတိုင်းရပ်နေမယ်ဆိုရင်လည်း သင့်ဘဝကြီး ဘာမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ပါဘူး။

၅။ ကိုယ့်ကိုယ်ကို ပြန်ထူနိုင်သေးသရွေ့ ထပ်လဲကျမှာကို မကြောက်ပါနဲ့။ အမှားတွေ လုပ်မိတာဟာ ပြဿနာမဟုတ်ပါဘူး။ အမှားတွေကနေ သင်ခန်းစာမယူတတ်တာကမှ ပြဿနာတစ်ခုပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ လောကကြီးမှာ ဘယ်အရာမှ မမြဲပါဘူး။ အကောင်း၊ အဆိုး ဘာတွေနဲ့ပဲကြုံရပါစေ နောက်တစ်ကြိမ်ထပ်မဖြစ်တော့ဘူးဆိုတဲ့စိတ်နဲ့ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါ။

၇။ ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးပြီး စဉ်းစားပါ။ နှလုံးသားက ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေက သင့်ဘဝအတွက် ပိုအဓိပ္ပာယ်ရှိနေတတ်ပါတယ်။

၈။ တရားထိုင်ပါ။ ငြိမ်ငြိမ်လေးထိုင်နေပြီး အသက်ရှူပါ။ သင်ဘာလို့ ဒီဘဝရောက်နေရတာလဲ၊ ဘဝရဲ့အဓိပ္ပာယ်အစစ်အမှန်က ဘာလဲဆိုတာကို ဆင်ခြင်သုံးသပ်ပါ။

၉။ သူတစ်ပါးကို စာနာကူညီပါ။ သင့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို သူများတွေအတွက် ပေးထားပါ။ အပြုံးလေးတစ်ပွင့်နဲ့ ပွေ့ဖက်မှုလေးတွေဆိုရင်တောင် သူများကို ဝေမျှပေးဖို့ မမေ့ပါနဲ့။

၁ဝ။ ဘဝကို ပေါ့ပေါ့ပါးပါးခံစားပါ။ ဟာသဉာဏ်ရွှင်တဲ့ အကျင့်လေးက သင့်စိတ်နေသဘောထားနဲ့ အတွေးအမြင်တွေကို အရမ်းကြီး မတင်းကျပ်စေဘဲ လွတ်လပ်ပေါ့ပါးစေပါတယ်။

၂ဝ၀၈ နှစ်မှာ သင့်ရဲ့ စိတ်သဘောထားကောင်းမွန်မှု၊ စိတ်တည်ငြိမ်အေးချမ်းမှုတို့ကို ဆောင်ကြဉ်းပေးနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်ကြောင်း သေချာအောင် သက်သေပြလိုက်ပါ။ ဒီနေ့၊ ဒီအပတ်၊ ဒီလ၊ ဒီတစ်နှစ်လုံးကို မွန်မြတ်တဲ့စိတ်ထား၊ ရက်ရောပေးကမ်းတတ်တဲ့ သဒ္ဓါတရားတွေနဲ့အတူ ဖြတ်သန်းလိုက်ရအောင်။

အသိတစ်ခုရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။