ဘဝအမောတွေ ဖြေဖျောက်ပေးမယ့် စာသင်ခန်းထဲက ဟာသလေးများ…

blank

တက္ကသိုလ်က ပါမောက္ခတစ်ဦးက သူ့ကျောင်းသားတွေကို ဈေးကွက်စီးပွားရေး အကြောင်း သင်ကြားနေတဲ့ သင်ခန်းစာကောက်နှုတ်ချက်လေးတွေပါ။

ဥပမာလေးတွေက သင့်ဘဝအမောတွေကို ပြေပျောက်စေမယ့် အပြုံးပန်းလေးတွေ ပန်ဆင်ပေးနိုင်တာမို့ ခဏလောက် အချိန်ပေး ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။ ကပွဲတစ်ခုမှာ ကိုယ်သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့တာနဲ့ သူမအနားသွားပြီး ကိုယ်ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြောပြရင်း လက်ထပ်ခွင့်တောင်းလိုက်တယ်။ ဒါက (Direct Marketing) ဒါရိုက် မာကတ်တင်း သဘောပေါ့။

၂။ ပါတီတစ်ခုမှာ သူငယ်ချင်းက သင်သဘောကျတဲ့ ကောင်မလေးအနားကို သွားပြီး သင်ဘယ်လောက်တော်ကြောင်း ၊ ချမ်းသာကြောင်းတွေ ပြောမယ်။ သင့်ကို နှစ်သက်လာအောင် ဆွဲဆောင်မယ်။ ဒါကိုတော့ (Advertising ) ကိုယ့်ပစ္စည်းကို ဈေးကွက်ထဲမှာ ကြော်ငြာခြင်း လို့ခေါ်တယ်။

၃။ မိန်းကလေးက ကိုယ့်အနားကိုရောက်လာပြီး “ရှင့်ရဲ့ အရည်အချင်းတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကျွန်မကြားပြီးပြီ။ ကျွန်မအရမ်းသဘောကျတယ်။ ရှင်ကျွန်မကို လက်ထပ်နိုင်မလား။” လို့မေးလိုက်တာမျိုးကတော့ Brand recogniction (ကိုယ့်ဂုဏ်သတင်းကို လူတွေ အသိအမှတ်ပြုလာတာ) လို့ခေါ်တယ်။

၎။ ပထမတစ်ခါတုန်းကလိုပဲ ကောင်မလေးနားသွားပြီး “ကိုယ်ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြောပြရင်း လက်ထပ်ခွင့်တောင်းလိုက်တယ်။” ကောင်မလေးက ပါးပြန်ရိုက်လိုက်တယ်။ ဒါကိုတော့ “customer feedback” စားသုံးသူဘက်က တုန့်ပြန်မှု လို့ခေါ်ပါတယ်။

၅။ သင်က ကောင်မလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။ သူ့မှာ ယောက်ျားရှိကြောင်း ပြန်ပြောလိုက်တယ်။ ဒါကိုတော့ “Supply and Demand Gap” လို့ ခေါ်ပါတယ်။ တောင်းဆိုမှုနဲ့ လိုက်လျောနိုင်မှုကြားက အဟလေးပေါ့။

၆။ ကိုယ်အခြားမိန်းကလေး တစ်ယောက်ကို ချဉ်းကပ်ဖို့ ကြိုးစားနေစဉ်မှာ အိမ်ကမိန်းမရောက်လာပြီး သောင်းကျန်းတာက (restriction from entering new market) ဈေးကွက်သစ်တစ်ခုထဲကို ဝင်ရောက် ခါနီး ကြုံရတဲ့ အဟန့်အတားတွေလို့ ခေါ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။