လက်ချောင်းလေးတွေကို နှိပ်နယ်ခြင်းက ရလာနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

blank

ဂျပန်တွေရဲ့ ရှေးဦး ဆေးပညာရပ်တစ်ခုဖြစ်တဲ့ လက်ချောင်းလေးတွေကို နှိပ်နယ်ခြင်းက ရလာနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို အောက်ဖက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ လက်မလေးကို ခပ်ဖွဖွလေးနှိပ်ပေးမယ်ဆိုရင်တော့ အစာအိမ်နဲ့ပတ်သက်တာတွေနဲ့ ဝမ်းဗိုက်မှာ ရှိတဲ့ ရောဂါတွေကို သက်သာစေပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါတွေနဲ့ အလွယ်တကူ ဝမ်းနည်းတတ်တာ၊ စိတ်တိုဒေါသထွက်တတ်တာတွေကို လျော့ကျစေပါတယ်။

၂။ လက်ညှိုးကို ခပ်ဖွဖွလေး ဖိနှိပ်ပေးမယ်ဆိုရင်တော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ရှိတဲ့ ဝေဒနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ကြွက်တတ်တာတွေကိုလည်း သက်သာစေပါတယ်။ အစာချေလမ်းကြောင်းနဲ့ နောက်ကျောတက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

၃။ လက်ချောင်းငါးချောင်းရဲ့ အလယ်လက်ဖြစ်တဲ့ လက်ခလယ်ကို ခပ်ဖွဖွ နှိပ်ပေးမယ်ဆို အာရုံကြောနဲ့ ပတ်သက်တဲ့ နာကျင်မှုတွေနဲ့၊အသည်းနဲ့ ပတ်သက်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုနဲ့ပတ်သက်တဲ့ ကိုယ့်ကိုယ်ကို မလုံခြုံသလို ခံစားနေရတာတွေနဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုအားကောင်းစေပြီး ခေါင်းကိုက်ခြင်းနဲ့ အမျိုးသမီးများ ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေတာပါပဲ။

၎။ လက်သူကြွယ်ကို ခပ်ဖွဖွ နှိပ်ပေးမယ်ဆိုရင်တော့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ အစာအိမ်လမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကင်းဝေးပြီး အသက်ရှုလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ပြနာတွေကနေလည်း ကင်းဝေးစေပါတယ်။

၅။ လက်သန်းလေးတွေ နှိပ်ပေးမယ်ဆို နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အမောဖောက်တာတွေ၊ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ လည်ချောင်းနာခြင်း စတဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် စိတ်အလိုမကျမှုတွေနဲ့ အထီးကျန်မှု တွေကို သက်သာစေပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။