အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ – အပိုင်း – ၇

blank
၁။ ပုန်းနိုင်မှ လွတ်မယ်။

ဂျွန်နီ(Johnny) ။ မေမေ တံခါးဝမှာ လူကြီးတစ်ယောက် ရောက်နေတယ်။ သူပြောတာက ဟိုးအရင်ကတည်းက ပစ္စည်းဟောင်းတွေကို လိုက်စုဆောင်း နေတာတဲ့။ သားတို့ ဘိုးဘိုးကို ပုန်းခိုင်းတာ ကောင်းမယ် ထင်တယ် နှော မေမေရာ… ။

၂။ တော်သေးတာပေါ့…

လင်မယားနှစ်ယောက်မှာ မိန်းမဖြစ်သူက အရမ်းကို လေပေါတယ်။ သူမအိမ်တစ်ယောက်တည်း အိမ်မှာ ပျင်းနေလို့ကတော့ တစ်ခြားသူတွေဆီ ဖုန်းခေါ်ပြီး စကားပြောတော့တာက ၁ နာရီ၊ ၂ နာရီလောက်ကို ကြာတတ်တယ်။

လကုန်ပြီဆိုရင် ဆောင်ရပြီ… ဖုန်းဘေလ်တွေ အများကြီး။ ဒီတော့ သူ့ယောင်္ကျားလည်း လကုန်ခါနီးတိုင်း မျက်ခုံးလှုပ်နေရတော့တာပေါ့။

တစ်နေ့ သူတို့ညစာ စားနေကြတုန်း ဖုန်းသံမြည်လာပါရော…

မိန်းမဖြစ်သူက သူ့အကြိုက်ဆိုတော့ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်ဘူး။ ထပြေးပြီး ဖုန်းသွားကိုင်တယ်။

မိနစ် ၃၀ လောက်ကြာတော့ မိန်းမပြန်ရောက်လာတယ်။

အဲ့အချိန်မှာ ယောင်္ကျားဖြစ်သူက အရမ်းကို ပျော်သွားတော့တာပေါ့ ။ အရင်က ဖုန်းပြောတိုင်း နာရီနဲ့ချီ ကြာတတ်တဲ့ သူက အခု နာရီဝက်ပဲ ဆိုတော့ ဟာ ဒါလက္ခဏာကောင်းပဲပေါ့။ ပြီးတော့ မနေနိုင်လို့ မေးလိုက်တော့တယ်။ ဘာလို့လဲပေါ့။

အဲ့ဒီအချိန်မှာ မိန်းမဖြစ်သူပြန်ပြောတာက “ဖုန်းမှားတာပါ ယောင်္ကျားရယ်” တဲ့။

၃။ ရှူး… တိုး တိုး…

လူတစ်ယောက်က သူ့သူငယ်ချင်းက ဖိတ်ထားလို့ အိမ်လည်သွားတယ်။ အဲ့ဒီ အိမ်ပေါက်ရောက်တော့ ကလေးပိစိကွေးလေးရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်။ ပြီးတော့ သူက စကားစလိုက်တယ်။

အမျိုးသား။ ကလေး မင်းအဖေ အထဲမှာ ရှိလား။
ကလေး။ ဟုတ်… ။

အမျိုးသား။ ဦးလေး သူနဲ့ တွေ့လို့ရမလား…။

ကလေး။ ဖေဖေ အလုပ်ရှုပ်နေတယ်။

အမျိုးသား။ အေး ဒါဆို မင်းအမေနဲ့ ရော… ။

ကလေး။ ရဘူး မေမေလည်း အလုပ်ရှုပ်နေတယ်။

အမျိုးသား။ ဒီတော့လည်း မင်းအစ်ကိုနဲ့ ဆိုရင်ရောကွာ။

ကလေး။ ကိုကိုက ပိုတောင် ရှုပ်သေး။

အမျိုးသား။ ဟာ နေပါဦး ကလေးရ… သူတို့က ဘာတွေ လုပ်လို့ ဒီလောက် အလုပ်ရှုပ်နေကြတာလဲ ဟ။
ကလေး။ တိုးတိုးပြောပါ ဦးလေးရ၊ သူတို့ ကျွန်တော့်ကို လိုက်ရှာနေကြတာ၊ သူတို့ ကြားသွားပါဦးမယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကျေမှပဲ မေးတော့…

ကလေး။ ဖေဖေ မင်္ဂလာဆောင်ရင် ပိုက်ဆံ ဘယ်လောက်ကုန်လဲ ဟင်…

အဖေ။ ဘယ်သိပါ့မလဲ သားရာ… ဖေဖေ အခုထိ အဲ့တာကို ပေးဆပ်နေတုန်းလေ… ကျေမှ မကျေသေးဘဲ…

၅။ ဟွန်း သူကျတော့…

ဂျွန်နီ(Johnny) ။ မင်းတို့အိမ်က ကလေးက ဘာလို့ အရမ်းငိုနေတာလဲကွာ၊ နားကို ငြီးနေတာပဲ။

တွန်မီ(Tommy) ။ အေး မင်းမှာ သွားမရှိဘူး ထားပါတော့၊ ဆံပင်လည်း မရှိဘူး၊ ခြေထောက်တွေကလည်း ပျော့ခွေနေလို့ မတ်တတ် မရပ်နိုင်ဘူး ကွာ။ အဲ့လိုဆိုရင် မင်းလိုကောင် မငိုဘဲ နေမလား။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။