သေးငယ်သော ဖြစ်ရပ်လေးမှ ပျော်ရွှင်မှုဆီသို့ အပိုင်း (၄)

blank

ဒီအပါတ်မှာလည်း ဘယ်လိုအသေးအဖွဲ ကိစ္စလေးတွေကနေ ပျော်ရွှင်မှုလေးတွေ ရနိုင်တယ် ဆိုတာကို ဂန္တဝင် ပရိတ်သတ်ကြီးအတွက် ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်နှစ်သက်တဲ့ စာအုပ်တွေကို အားရပါးရ ဖတ်လိုက်ရခြင်း။

၂။ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေကို အရသာရှိရှိ စားသောက်လိုက်ရခြင်း။

၃။ ကိုယ်ချစ်တဲ့သူဆီက ရင်ခုန်စရာ လက်ဆောင်တစ်ခုခု ရလိုက်ခြင်း။

၎။ ချမ်းအေးတဲ့ အချိန်မနက်စာကို နေပူစာလှုံရင်း စားလိုက်ရခြင်း။

၅။ လေ့လာထားတဲ့ ဟင်းချက်နည်းအသစ်လေးတွေကို ကိုယ်တိုင် ချက်ပြုတ် စားသောက်လိုက်ရခြင်း။

၆။ အားငယ်နေတဲ့ အချိန် မိသားစုတွေ၊ သူငယ်ချင်းတွေဆီက အားပေးစကားလေးတွေ ကြားလိုက်ရခြင်း။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၇။ နားထောင်နေကျ သီချင်းလေးကို တစ်နေရာရာက ကြားလိုက်ရခြင်း။

၈။ ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို ကိုယ့်အချိန်တွေထဲက ဖဲ့ပြီး ကူညီပေးလိုက်ရခြင်း။

၉။ သပ်ရှင်းသပ်ရပ်နေတဲ့ ကိုယ့်အခန်းလေးထဲမှာ တစ်နေ့လုံး ကိုယ်ဝါသနာပါတာတွေ လုပ်ခွင့်ရလိုက်ခြင်း။

၁ဝ။ အိမ်မှာ ရှိတဲ့ စက်ပစ္စည်းတစ်ခုခု ကိုယ်ပြင်လိုက်လို့ ကောင်းသွားတာခြင်း

စတဲ့ အသေးအဖွဲလေးတွေကလည်း ကိုယ့်အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးနေတယ်ဆိုတာ သတိပေးရင်း ဂန္ထဝင် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

သင်လည်း အထက်မှာပေးထားတဲ့အရာတွေ လုပ်ဖြစ်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။