သေးငယ်သော ဖြစ်ရပ်လေးမှ ပျော်ရွှင်မှုဆီသို့ အပိုင်း (၃)

blank

ဒီအပါတ်မှာလည်း အသေးအဖွဲ ကိစ္စလေးတွေကနေ ပျော်ရွှင်မှုလေးတွေဆီ ခေါ်ဆောင်သွားနိုင်တဲ့ အကြောင်းအရာလေးကို ဂန္တဝင် ပရိတ်သတ်ကြီးအတွက် ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

၁။ နေဝင်ဆည်းဆာချိန် ဒါမှမဟုတ် ကြည်နူးဖွယ် နံနက်ခင်း အလှတရားလေးတွေကို တစ်ဝကြီး ခံစားလိုက်ရခြင်း။

၂။ မိုးတိတ်တဲ့အချိန်မှာ ရလာတဲ့အနံ့လေးကို ရှုရှိုက်လိုက်ရခြင်း။

၃။ ကိုယ်အကြိုက်ဆုံးအဆိုတော်ရဲ့ သီချင်းလေးတွေကိုနေ နားထောင်လိုက်ရခြင်း။

၎။ အဆက်အသွယ် မရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းထံမှ email သို့မဟုတ် message ရလိုက်ခြင်း။

၅။ ဟောင်းနွမ်းနေတဲ့ ဘီရိုတွေကို ကိုယ့်စိတ်ကြိုက် မျက်စိပသာဒ ဖြစ်အောင် လုပ်လိုက်ရခြင်း။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၆။ သင်ချစ်တဲ့သူတစ်ယောက်ရဲ့ လက်လေးကို ကိုင်ပြီး အနဂတ်အကြောင်း စိတ်ကူးယဉ် လိုက်ရခြင်း။

၇။ မနက်အိပ်ရာနိုးချိန်တွင် အိပ်ရာပေါ်မှာ မနက်စာစားလိုက်ရခြင်း။

၈။ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ကစားနည်းလေးတွေကို ပြန်ကစားလိုက်ရခြင်း။

၉။ ကိုယ်ငယ်ငယ်က ကြုံခဲ့ရတဲ့ အမှတ်တရ ဖြစ်ရပ်လေးတွေ ပြန်ကြားလိုက်ရခြင်း။

၁ဝ။ အရမ်း ပင်ပန်းနေတဲ့ အချိန် အိပ်ရာပေါ်မှာ ခဏလဲလျောင်းလိုက်ခွင့်ရခြင်း

စတဲ့ အသေးအဖွဲလေးတွေကလည်း ကိုယ့်အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးနေတယ်ဆိုတာ သတိပေးရင်း ဂန္ထဝင် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

သင်လည်း ပျော်ရွှင်မှုကို ခံစားရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။