သေးငယ်သော ဖြစ်ရပ်လေးမှ ပျော်ရွှင်မှုဆီသို့ – အပိုင်း – (၁)

blank

တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကနေ သင်ကိုယ်တိုင်အတွက်ရော တစ်ခြားလူတွေ အတွက်ပါ ဘဝရဲ့ အဓိပ္ပါယ်ကို ပိုပြီး ပြည့်စုံလာစေတတ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အရာတွေက ဘဝမှာ မထင်မှတ်ဘဲ ပျော်ရွှင်မှုတွေကို ရစေတဲ့ အသေးအဖွဲ ကိစ္စလေးတွေပါ။

၁။ ပိုက်ဆံအိတ်ထဲမှာ သို့မဟုတ် အနွေးထည် အဟောင်းတစ်ခုမှာ မထင်မှတ်ဘဲ ပိုက်ဆံတွေ တွေ့လိုက်ရခြင်း။

၂။ ကိုယ်သဘောကျပြီး ကျိတ်ကြွေနေတဲ့လူက ကိုယ့်ကို ပြန်ပြီးအရေးစိုက်ခြင်း။

၃။ ကိုယ် အလုပ်ကနေ ပင်ပန်းပြီး ပြန်လာချိန်မှာ သပ်ရပ်ကျော့ရှင်းနေတဲ့ အိပ်ရာခင်းလေးပေါ်မှာ အိပ်လိုက်ရခြင်း။

၎။ အားလပ်ချိန်မှာ ရေအကြာကြီး ဇိမ်ခံပြီး ချိုးလိုက်ရခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ လူအများကြားမှာ ကလေးငယ်လေးက ကိုယ့်ကိုသာ ရွေးပြုံးပြတာကို ခံလိုက်ရခြင်း။

၆။ ကိုယ့်လက်တွဲဖော် သို့မဟုတ် သူငယ်ချင်းတွေက ကိုယ့်ကို ၁ဝ မိနစ်လောက် နှိပ်နယ်ပေးတာကို ဇိမ်ခံလိုက်ရခြင်း။

၇။ ကိုယ်အရမ်းချစ်မြတ်နိုးရတဲ့သူနဲ့အတူ အိပ်ယာကနေ နိုးထားခွင့်ရခြင်း။

၈။ မနက်အိပ်ယာ ထထချင်း ပြတင်းပေါက်ကနေ မြင်လိုက်ရတဲ့ သာယာနေသော ရာသီဦးတုကြောင့် စိတ်ကြည်နူးရခြင်း။

၉။ အဆက်အသွယ် မရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ဆီက ဖုန်းအဆက်အသွယ် ရလာခြင်း။

၁ဝ။ မိုးရွာတဲ့အချိန်မှာ ပြတင်းပေါက်ကနေပြီး မိုးစက်လေးတွေရဲ့ အလှတွေကို ခံစားလိုက်ရခြင်း။

စာဖတ်ပရိတ်သတ်ကြီးရယ်… အထက်ပါ အဖြစ်အပျက်လေးတွေကို ကြုံရရင် အသေးအဖွဲလို့ မတွေးပဲ ပျော်ရွှင်မှုကို သေချာခံစားကြည့်လိုက်ပါ။ သင့်ကို ပျော်ရွှင်မှုပေးတဲ့ အရာတွေကိုလည်း comment box မှာ မျှဝေပါအုံး။