စကားများတဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အကြောင်းအရာလေးများ

blank

တစ်ချို့လူတွေက စကားကိုထိန်းထိန်းသိမ်းသိမ်းပြောတတ်ကြတယ်။ ဒါပေမယ့်လဲ စိတ်ထဲရှိတဲ့အတိုင်း အတိအကျ မပြောရရင် မနေတတ်တဲ့ သူမျိုးကိုလည်း စာဖတ်သူတို့ ကြုံတွေ့ဖူးကြမှာပါ။ အဲ့ဒီအကျင့်က အရမ်းကြီး ကောင်းတယ်လို့ ပြောလို့ မရပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီ အမူအကျင့်မှာလည်း အကျိုးရလဒ်တွေတော့ ရှိနေပါတယ်။

အောက်ဖက်မှာတော့ စကားအရမ်းများပြီး အရမ်းပွင့်လင်းတဲ့ မိန်းကလေးတစ်ယောက်တွေ့ကြုံရနိုင်တဲ့ အချက် (၁၂) ချက် ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။ စကားကျယ်ကျယ် ပြောတတ်တာကြောင့် လူသိများနေတတ်ခြင်း။

၂။ စားသောက်ဆိုင်ထိုင်တဲ့ အခါမျိုးမှာ သူငယ်ချင်းတွေက နှုတ်လေးတာကြောင့် တစ်ဖွဲ့လုံးအတွက် စားသောက်စရာကို အမြဲ ဒိုင်ခံပြီး မှာယူ ပြောဆိုပေးနေရခြင်း။

၃။ ကိုယ့်ရဲ့ ပွင့်လင်း ရိုးသားမှုက သူငယ်ချင်းတွေအတွက် ယုံကြည်အားကိုးစရာ တစ်ခု ဖြစ်နေတတ်ခြင်း။

၎။ စကားပြောကောင်းတာကြောင့် သူငယ်ချင်းတွေကလည်း ကိုယ့်ဆီမှာ မရှက်မကြောက်နဲ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုခြင်း။

၅။ ဘာမှမတွေးဘဲ ကရားရေလွှတ်ပြောတတ်သလို စကားပြောလည်းကောင်းတာကြောင့် အမြဲ စကားဝိုင်းကို ဦးဆောင်မိနေခြင်း။

၆။ လူတိုင်းက စကားများတာတွေ၊ ရိုးသားပွင့်လင်း လွန်းတာတွေကို မနှစ်သက် တတ်ကြပေမယ့် ကိုယ့် သူငယ်ချင်း တွေကတော့ ကိုယ့်ပုံစံကို သဘောကျနားလည်ပေးပြီး ချစ်ခင်နေကြခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ လိမ်ညာပြီးနောက် စိတ်ထဲက တွေးပူနေရတာကို မနှစ်သက်တတ်တာကြောင့် အမှန်တရားကို မြတ်နိုးတတ်ခြင်း။ ရိုးသားပွင့်လင်းခြင်း။

၈။ တစ်ခါတစ်လေ လူတွေက ပြောစရာရှိနေတဲ့ စကားကို မပြောဘဲ ရေငုံနှုတ်ပိတ်နေနိုင်တာကို ကိုယ့်အနေနဲ့ နားမလည်နိုင်ဖြစ်နေတတ်ခြင်း။

၉။ လေပေါပေမယ့် ထိန်းသိမ်းသင့်တဲ့ လျှို့ဝှက်ချက်တွေအတွက်တော့ ယုံကြည်စိတ်ချဖွယ်ကောင်းခြင်း။

၁ဝ။ ကိုယ့်ရဲ့ ရိုးသားပွင်လင်းစွာ ပြောဆိုတတ်ခြင်းက လူတွေအတွက် ရိုးသားမှု တကယ်လား၊ စော်ကားနေခြင်းလား ဆိုတာကို ပိုင်းဖျက်ရ ခက်စေခြင်း။

၁၁။ လိုချင်တာကို တောင်းဆိုရတာလည်း နှစ်သက်တတ်တော့ တစ်ခါတစ်လေ အများအမြင်မှာ အလိုက်မသိသလို ဖြစ်သွားစေခြင်း။

၁၂။ သူငယ်ချင်းတွေက သူတို့ ရည်းစားတွေနဲ့ ပတ်သက်ပြီး အကဲခတ်မှုတွေကို လိုအပ်တဲ့အခါ ကိုယ့်ဆီကို ပြေးလာတတ်ခြင်း။

ပရိတ်သတ်ကြီးရော အထက်က အချက်တွေကို ဘယ်လို မြင်ပါသလဲ။ အဲ့လို စကားအများကြီး ပြောတတ်တဲ့ သူငယ်ချင်းမျိုးရော တွေ့ဖူးပါသလား။

ဒီဆောင်းပါးလေးကို စကားများများပြောတတ်တဲ့ သူငယ်ချင်းဆီကို သူရော ဘာတွေတွေးမိမလဲ သိနိုင်ဖို့ share လိုက်ပါ။ သေချာတာကတော့ သူတစ်ခုခု ပြောမှာပါပဲ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။