နှလုံးရောဂါကာကွယ်ရေးနဲ့ ကြက်သွန်နီ

blank

ကြက်သွန်နီက ကျန်းမာရေးအတွက် အရမ်းအကျိုးရှိပြီး အထူးသဖြင့်တော့ နှလုံးကို ကာကွယ်ပေးပါတယ်။

ပြီးတော့ သွေးထဲက ကိုလက်စထရော(cholesterol) ကို လျော့ကျစေပြီး သွေးနီဥတွေရဲ့ ဆဲလ်နံရံတွေကိုလည်း ပိုပြီး သန်မာလာစေပါတယ်။

လေ့လာမှုတွေအရ ကြက်သွန်နီက အရိုးကိုလည်း သန်မာ စေပါတယ်။ ပြီးတော့ အသက်အရွယ်ရလာတဲ့ အမျိုးသမီးတိုင်း ခံစားရတဲ့ အရိုးပွခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြက်သွန်နီက ခန္ဓာကိုယ် ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ ခုခံအားမှာ အဓိကဖြစ်တဲ့ သွေးဖြူဥတွေကိုလည်း အားဖြည့်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲက ဖက်တီးအက်ဆစ်(fatty acids) ပျော်ဝင်မှုကို ထိန်းညှိပေးနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

ကြက်သွန်နီကို နည်းနည်းလေးစားတာနဲ့ ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ အဓိကအားဖြင့်တော့ သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

အခြားကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကတော့…

သွေးထဲက အချိုဓာတ်ကို ပုံမှန်ဖြစ် စေတယ်။

– ဗီတာမင် အေ၊ အီးနဲ့ စီ ပါဝင်တယ်။

– ဘက်တီးရီယားတွေကို ကာကွယ်ပေးတယ်။

ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။