ခြေထောက်လှလှလေးတွေမှာ အရည်ကြည်ဖုလေးတွေ မဖြစ်ရလေအောင်

blank

သင့်ခြေထောက်မှာ အရည်ကြည်ဖု ဖြစ်စေ၊ ပြည်တည်ဖုလေး ဖြစ်စေ တစ်ဖုလောက်ရှိရုံနဲ့တင် သင်ရဲ့ တစ်နေ့တာနေထိုင် သွားလာမှုကို အနှောင့်ယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဂန္ထဝင်ပရိတ်သတ်ကြီး ဒီပြဿနာကြောင့် စိတ်မညစ်ရလေအောင် အောက်ဖက်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြထားပါတယ်။

၁။ ဖိနပ်အသစ်ဝယ်ရင် သတိထားပါ။

ဖိနပ်အသစ်ဝယ်တဲ့ အခါ ကြီးလွန်းနေတာ၊ ကျပ်လွန်းနေတာတွေက ဖိနပ်ပေါက်ပြီး အရည်ကြည်ဖုတွေ ဖြစ်စေပါတယ်။ တစ်ချို့သူတွေမှာ ခြေထောက်တစ်ဖက်က ပိုကြီးတာမျိုး ရှိတတ်ပါတယ်။ သင်လည်း အဲ့ဒီလိုပဲဆိုရင် ဖိနပ်ဝယ်တိုင်း သင့်ရဲ့ ပိုကြီးတဲ့ ခြေထောက်နဲ့ ကိုက်ညီမှု ရှိမရှိ သေချာ စီးကြည့်ပြီးမှ ဝယ်ပါ။ ရှူးဖိနပ်(shoes) လိုမျိုး စီးတဲ့ အခါလည်းမျိုးမှာတော့ ဖနောင့်အခံပြား ထည့်စီးရင် အဆင်ပြေနိုင်ပါတယ်။

၂။ သင့်ခြေထောက်လေး အပြစ်အနာအဆာ ကင်းအောင် ဂရုစိုက်ပါ။

သင့်ခြေထောက်ဟာ ခြောက်သွေ့တဲ့ အသားအရည်မျိုးရှိပြီး အသားမာတက်တယ် ဆိုရင် အလှဆီ ဒါမှမဟုတ် အသားရေ စိုပြေစေမယ့် ခရင်မ်(moisturizer) တစ်ခုခုကို ပုံမှန်လိမ်းပေးပါ။ ဒါကလည်း အရည်ကြည်ဖု ဖြစ်တာကို ကာကွယ်ဖို့ နည်းလမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စပ်ဖျဉ်းဖျဉ်း ဖြစ်ရင်းကနေလည်း အရည်ကြည်ဖု ဖြစ်တတ်ပါတယ်။

ရုတ်ချည်းဆိုသလို ခြေထောက်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာတာ ခံစားမိရင် တစ်ဖြည်းဖြည်းနဲ့ အရည်ကြည်ဖုလေးတွေ ဖြစ်လာနိုင်တာမို့ မဖြစ်အောင် ကြိုတင်ကာကွယ်ပါ။ စပ်တဲ့နေရာကို အနာကပ် ပလာစတာ(plaster) ကပ်ပြီး ကာကွယ်လို့ရတာကြောင့် သွားလေရာတိုင်း သင့်အိတ်ထဲမှာ ပလာစတာ တစ်ခုတော့ ပါအောင် သတိထား ယူဆောင်ပါ။

၎။ သင့်တော်တဲ့ ခြေအိတ်လေးတွေ ရွေးဝတ်ပါ။

ခြေထောက်မှာ ချွေးပြန်နေပြီး ခြေအိတ်တွေပါ ချွေးစိုနေရင် အရည်ကြည်ဖုလေးတွေ ဖြစ်လွယ်ပါတယ်။ ဒီတော့ ချည်သားခြေအိတ်လေးတွေ ရွေးချယ်ပြီး ဝတ်သင့်ပါတယ်။ ချည်သားခြေအိတ်လေးတွေက အေးပြီး ချွေးမပြန်တဲ့ အတွက် ရွေးချယ်သင့်ပါတယ်။

လူတိုင်းသိသင့်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာမို့ သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။