ဒီလိုမိန်းမမျိုးဟာ ဘဝအတွက် အသင့်တော်ဆုံး မိန်းမပါပဲ။

blank

တကယ် အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်မှုနဲ့ သားမွေးကိစ္စတွေထက် အများကြီး ပိုပြီး တာဝန်ယူနိုင်ပါတယ်။ သူမဟာ မိသားစုရဲ့ အရေးအကြီးဆုံး အခန်းကဏ္ဍတစ်ခုမှာ နေရာယူထားနိုင်သူ ဖြစ်ပါတယ်။ သားသမီးတွေရဲ့ အနာဂတ်တွေ လှပစေဖို့၊ ရည်ရွယ်ချက်တွေ ခိုင်ခိုင်မာမာရှိစေဖို့ ဘေးကနေ တွန်းအားပေးနိုင်တယ်။ သားသမီးတွေအတွက် လိုအပ်တဲ့ အချိန်တိုင်း အကြံညဏ်ကောင်းတွေနဲ့ အမြဲ အသင့်ရှိ နေတတ်တယ်။ သနားကြင်နာတတ်တဲ့ နှလုံးသားနဲ့ လောကဓံကို ကြံကြံခံ ရင်ဆိုင်နိုင်ဖို့ သားသမီးတွေကို စိတ်ဓါတ်ခွန့်အားတွေ အမြဲပေးနိုင်တယ်။ မိသားစုအတွက် အဆုံးစွန်ဆုံးထိ ပေးဆပ်ရဲတယ်။ သူမ ပေးဆပ်မှုတွေအတွက် ပြန်မျှော်လင့်တာကတော့ သားသမီးတွေ၊ ခင်ပွန်းသည်တွေရဲ့ အပြုံးလေးတွေပါပဲ။ ကဲဒီလိုအရည်အချင်းတွေနဲ့ ပြည့်မှီတဲ့ သူတစ်ယောက် တွေ့နေပြီဆိုရင်တော့ ဘဝအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်နေပါပြီ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။