၁။ ပန်ကာထိပ်က ဝက်အူတွေ…
တစ်နေ့ စက်ရုံအလုပ်သမား ၂ ယောက် လမ်းလျှောက်လာရင်း…
အမျိုးသမီး။ ဒီနေ့… သူဌေး ကျွန်မကို နားခိုင်းအောင် လုပ်ပြမယ် ကြည့်နေ…
အမျိုးသား။ အောင်မာ… နင်က ဘယ်လိုများ လုပ်ပြမှာလဲ ကြည့်ရသေးတာပေါ့…
အမျိုးသမီး။ ကြည့်မှာသာ ကြည့်စမ်းပါတော်…
ပြောပြီးပြီးချင်းပဲ အမျိုးသမီးက ထုတ်တန်းမှာ ဇောက်ထိုးချိတ်နေလိုက်တယ်။
သူဌေးလည်း ဝင်လာရော…
သူဌေး။ ဟဲ့ နင်ဘယ်လိုတွေ ဖြစ်နေတာလဲ ဟ… ကိုးယိုးကားယားနဲ့…
အမျိုးသမီး။ ကျွန်မက မီးသီးလေးပါရှင့်…
သူဌေး။ ဟာ ဒီအမျိုးသမီး အလုပ်လုပ်ရတာ များပြီး ရူးကြောင်ကြောင် ဖြစ်နေပြီဟ… သွား သွား ဒီနေ့တစ်ရက်တော့ အိမ်ပြန်နားလိုက်တော့…
အမျိုးသမီးလည်း ထွက်သွားရော ခုနက သူမနဲ့ စကားပြောနေတဲ့ အမျိုးသားကလည်း သူမနောက်က လိုက်သွားတယ်။ ဒါကိုမြင်တော့ သူဌေးက…
သူဌေး။ ဟေ့ကောင် မင်းကရော ဘယ်လဲဟ…
အမျိုးသား။ ကျွန်တော်လည်း အိမ်ပြန်မလို့ပါဗျာ… မီးသီးမရှိတော့မှတော့ အမှောင်ထဲမှာ ဘယ်လို အလုပ်လုပ်မလဲ သူဌေးရာ…
၂။ သိပ်လည်း မစောင့်ရရှာဘူး…
အမျိုးသားတစ်ယောက်က ဘုရားသခင်နဲ့ စကားပြောနေတယ်။
အမျိုးသား။ ဘုရားသခင်… ကျွန်တော်တို့ရဲ့ နှစ်သန်းချီ ဆိုတာ ဘုရားရှင်အတွက် ဘယ်လောက် ကြာပါသလဲ။
ဘုရားသခင်။ ငါ့အတွက်တော့ တစ်မိနစ်လောက် ပါပဲကွာ…
အမျိုးသား။ ဒေါ်လာ သန်းချီ ဆိုတာကရော… ဘယ်လောက်များပါသလဲ။
ဘုရားသခင်။ ငါ့အတွက်တော့ တစ်ပဲ လောက်ပါပဲ…
အမျိုးသား။ အိုး… ဒါဆိုကျွန်တော်ကို တစ်ပဲ လောက်ပေးပါလား။
ဘုရားသခင်။ အေး…ရမယ်… တစ်မိနစ်လောက်ပဲ စောင့်။
ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ သူ တော်တော် တတ်နေပါလား…
ဆရာမ။ ဝင်နီ(Winnie) ရေ… လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတော့ တို့မှာ မရှိသေးပဲ အခု အရမ်း အသုံးဝင်နေတဲ့ အရာတစ်ခု နာမည်… ဆရာမကို ပြောပြစမ်း…
ဝင်နီ။ သမီး လေ။
သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။