ကိုယ့်ဘက်က လက်ဖဝါး၊ သူ့ဘက်က လက်ဖမိုး

blank

ကျွန်မ မူလတန်း ကျောင်းသူ ဘဝတုန်းက အတန်းထဲက ကောင်လေးတစ်ယောက်နဲ့ အကြောင်းအရာတစ်ခုကို သူနိုင်ကိုယ်နိုင် အပြိုင်ငြင်းမိကြတယ်။ ဘာအကြောင်းအရာလဲ ဆိုတာ မမှတ်မိတော့ပေမယ့် အဲ့ဒီနေ့က ရလိုက်တဲ့ သင်ခန်းစာကိုတော့ ကျွန်မဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။

ဒီငြင်းခုံတာနဲ့ ပတ်သတ်လို့ ကျွန်မအမြင်က ကျွန်မမှန်တယ်၊ သူမှားတယ်ပေါ့။ သူဘက်က ကျတော့လည်း သူကအမှန်၊ ကျွန်မက အမှားတဲ့ရှင်။ ဒီတော့ ဒီပြဿနာက အလကားနေရင်း ဆရာမရဲ့ အိပ်ယာအောက် ရေဝင်တော့တာပေါ့ဗျာ။ ဆရာမကတော့ ဒီပြဿနာကို ဖြေရှင်းပေးရင်း ကျွန်မတို့ကို အရေးကြီးတဲ့ သင်ခန်းစာပါ တစ်ခါတည်း ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် ထင်ပါရဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမက ကျွန်တော်တို့ နှစ်ယောက်ကို အတန်းရှေ့ထွက်လာခိုင်းပြီး သူမရဲ့ စားပွဲ တစ်ဖက်တစ်ချက်ဆီမှာ ရပ်ခိုင်းတယ်။ သူမစားပွဲရဲ့ အလယ်မှာတော့ အဝိုင်းပြားကြီးတစ်ခု ရှိနေပါတယ်။ သူမက အဲ့ဒါဘာရောင်လဲတဲ့။ အဲ့ဒါကြီးက အမဲရောင် ဆိုတာ ကျွန်မမျက်စိထဲမှာ ထင်းနေတာပါပဲ။ ဒီတော့ ဖြေလိုက်တယ်။ အမဲရောင်ပေါ့။ ဒါပေမယ့် ဟိုကောင်လေးအလှည့်မှာတော့ သူဖြေလိုက်တာက အဖြူရောင်တဲ့ရှင်။

ကျွန်မများ နားကြားမှားသလားပေါ့။ မယုံနိုင်ဘူး ဖြစ်နေမိတယ်။ အဲ့ဒါက လုံးဝကို အမဲရောင်ကြီးပါဗျာ။ စိတ်ထဲမှာတော့ “ဆရာလာမှ အနာပြဲ” ပြီပေါ့။ အခုဆို ငြင်းစရာ နောက်တစ်ခုတောင် တိုးလာပြီလေ။ ဒါပေမယ့် ဆရာမကို ကြောက်ရတော့ စိတ်ထဲကနေပဲ “ဒီအရူး လာပြန်ပြီ အမဲရောင်ကြီး မြင်သားနဲ့ အဖြူလုပ်နေပြန်ပြီ” ဆိုပြီး ကြိတ်စိတ်တိုနေမိတာပေါ့။

အဲ့အချိန်မှာ ဆရာမက ကျွန်မတို့ကို နေရာ လဲခိုင်းလိုက်တယ်။ ဒီတော့ ကျွန်မက သူ့နေရာ ရောက်သွားတော့တာပေါ့။ ပြီးတော့မှ ထပ်မေးတယ်။ အဲ့ဒါ ဘာအရောင်လဲတဲ့။ ဘုရား… ဘုရား… မျက်စိထဲမှာ ဖြူဖြူဝိုင်းဝိုင်းကြီးရှင့်။ ဒီတော့ မျက်နှာငယ်လေးနဲ့ ပြန်ဖြေလိုက်တယ်။ အဖြူရောင်ပါ… လို့။

ဒီတော့မှ သဘောပေါက်သွားတာက အဲ့ဒါကြီးက တစ်ဖက်ကစီက ကြည့်ရင် အရောင်တစ်မျိုးစီ ပေါ်တယ် ဆိုတာပါပဲ။ ဒါကြောင့် သူ့ဘက်မှာ အဖြူလို့ မြင်ရပြီး ကျွန်မ အမြင်မှာ အမဲကြီး ဖြစ်နေတော့တာပေါ့ရှင်။

ဒီအဖြစ်အပျက်ကနေ တစ်ကယ့်လူမှုဘဝမှာလည်း တစ်ခါတစ်လေမှာ ပြနာတစ်ခုကို ဖြေရှင်းရတော့မယ် ဆိုရင် တစ်ခြားသူရဲ့ ဘက်ကနေပါ ဝင်ပြီး ခံစားရှုမြင်သင့်တယ်၊ တစ်ခြားသူရဲ့ ခံစားချက်တွေကိုပါ ထည့်စဉ်းစားသင့်တယ် ဆိုတာကို သင်ခန်းစာ ရလိုက်ပါတော့တယ်။

ဗဟုသုတ ရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။