ကိုယ်ခန္ဓာအတွင်း သန့်ရှင်းလန်းဆန်း စေဖို့အတွက် သဘာဝ နည်းလမ်းကောင်း

blank
Photo Reference: http://www.healthyfoodstar.com/you-want-to-do-internal-body-cleansing-make-this-beverage/

ဂန္ထဝင်စာဖတ်ကရိသတ်ကြီးတို့… ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံတွေကို အရင်ကတည်းက သိကြမှာပါ။

ရှားစောင်းလက်ပတ်လေးက အသားရည် လှစေသလို အနာတွေကိုလည်း မြန်မြန် ကျပ်စေပြီး လှပဖြူစင်တဲ့ အသားရည်ပေါ်က အမာရွတ်တွေ ပျောက်ကင်းသွားအောင်လည်း ကူညီပေးပါတယ်။

သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို ပယ်ဖျက်ချင်တယ် ဆိုရင် ရှားစောင်းလက်ပတ် ဖျော်ရည်ကို သောက်တာက အသင့်တော်ဆုံးပါပဲ။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့…

_ ရှားစောင်းလက်ပတ်

_ သံပုရာသီး

_ ရေ

ပြုလုပ်နည်း –

ပင်စည်နားလေးက အရွက်တွေကို ဖြတ်လိုက်ပါ။ ဓါး သို့မဟုတ် ဇွန်းကို သုံးပြီး ကြည်လင်နေတဲ့ အဆီပျစ်တွေကို ရေခွက်လေးတစ်ခုမှာ ထည့်ထားလိုက်ပါ။ ပြီးတော့ သံပုရာသီးကို ခုနက ရေခွက်ထဲ ညှစ်ထည့်လိုက်ပါ။ အဲ့လိုထည့်ပြီးပြီး ဆိုရင် ရေနည်းနည်း ထည့်လိုက်ပါ။

ပါဝင်ပစ္စည်းတွေ စုံသွားပြီ ဆိုရင်တော့ ဖျော်ရည်ကို ဇွန်းလေးနဲ့ ကောင်းကောင်း မွေလိုက်ပါ။ အဲ့ဒါဆိုရင်တော့ သင့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖော်ရည်လေး တစ်ခွက် ရပါပြီ။

ရှားစောင်းလက်ပတ်၊ သံပုရာသီးနဲ့ ရေကို ကိုယ်ကြိုက်သလို ထည့်လို့ရပါတယ်။ အကြံပေးချင်တာကတော့ ရှားစောင်းလက်ပတ် တစ်ဇွန်းကို သံပုရာရည် တစ်ဇွန်း ရောတာက ပိုပြီးကောင်းပါတယ်။

ဗဟုသုတရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကို Share ပေးလိုက်ပါ။